🎨25🎨

15.9K 1.8K 97
                                    

အခန်းထဲတွင်Ephiphanyသီချင်းအား
မတိုးမကျယ်ဖွင့်ထားပြီး အပြင်သွား
ရန်အဝတ်အစားရွေးနေသည်..။
အရင်လိုမြင်တွေ့ရာဆွဲဝတ်လို့မရတော့
JungHoseokသည် မော်ဒယ် မင်းသားတွေရှုံးအောင်
ဝတ်တတ်စားတတ်လွန်းသူ
တခြားကောင်တွေလည်းတပုံစံထဲ
Hoodie တထည်နဲ့ဂျင်းပန်တထည်ကောက်ဝတ်
သွားပါက ဝိုင်းကဲ့ရဲ့၍နေစရာနေရာပင်ရှိတော့မှာ
မဟုတ်ပါ။

ဆံပင်တွေအားအနည်းငယ်ပုံချကာ
စတီးရောင်တောက်နေသောနားကွင်းတွေအား
နားပေါက်တွေအားလုံးတွင်နေရာယူစေသည်။
T Shirtတထည်ဝတ်လိုက်ကာ အပေါ်မှ
ဂျင်းအကျီတထည်အားပုခုံးတဖက်ပေါ်
တင်ရုံတင်ကာ ဂျင်းကျပ်ကျပ်တထည်ကို
ဝတ်လိုက်သည်...။
ခန္ဓာကိုယ်ပေါ်လွင်စေသော
အဝတ်အစားမျိုးတွေ ဒီဇိုင်းဆန်းဆန်း
Accessories မျိုးတွေJungKookကိုယ်ပေါ်သို့
ရောက်လာတိုင်း မလိုက်ဖက်သောအမျိုးအစားဟူ
၍မရှိ....။

သူဟာ အရောင်တောက်နေသောပစ္စည်းတွေကို
ထပ်မံတန်ဖိုးမြှင့်ပေးတတ်ကာ
အရောင်မှိန်သလိုလိုရှိသည့်ပစ္စည်းတွေကိုတော့
လက်ဖြင့်ထိရုံဖြင့် အရောင်တောက်စေနိုင်တဲ့သူ...။

ရေမွှေးတွေမွန်ထူနေအောင်စွတ်လိုက်ပီးနောက်
မှန်ကိုနောက်ဆုံးအကြိမ် ကြည့်လိုက်ကာ
အခန်းထဲမှထွက်လာလိုက်သည်။
ဒုတိယအထပ်အရောက်ကြားလိုက်ရသော
ရီသံတချို့....။

ခြေလှမ်းတွေခေတ္တရပ်ကာနားထောင်မိခဲ့သည်။
ညကJinHyungပြောထားတာပဲ..
ဒီနေ့မင်္ဂလာရက်မြတ်လာရွေးကြမယ်ဆိုတာ...။
ဒီလူ..ရှင်းပြမယ် ရှင်းပြမယ်သာ
တဖွဖွအော်နေပြီး ခြေလှမ်းတွေကလည်း
တဖက်မှာတအားကိုသွက်လက်နေသည်။
ဖြေးဖြေးချင်းဆင်းလာကာ လှေကားအကွယ်မှ
ကြည့်လိုက်တော့ Jeonမိသားစုနဲ့Parkမိသားစု
အပြင် လူကြီးလူကောင်းတချို့ပါတွေ့ရသည်။
LeeHannaသည်အစွမ်းကုန်ပျော်နေပြီး
ParkJiminကတော့မပျော်ချင်ယောင်ဆောင်
နေသလားမသိ ခပ်တည်တည်ပင်....။
အရည်မရအဖတ်မရ တစ်ယောက်နဲ့တစ်ယောက်
အမွှန်းတင်နေသောစကားများကိုပြောနေကြပီး
ParkJiminလက်မောင်းကိုချိတ်ထားသော
LeeHannaလက်ချောင်းတွေသည်သိပ်ပိုင်နိုင်နေသည်။
သူ့လက်တွေကိုငုံ့ကြည့်တော့
ဓားရာတွေရဲရဲတွေ...အရှင်းမပျောက်သေးသော
သွေးစတွေ...။

Butterfly...Jeon🦋 (Completed)Where stories live. Discover now