🦋11🦋

16.2K 1.9K 281
                                    

"အဖွားရေ....ခဏဝင်ခဲ့အုန်းမယ်ဗျို့..."

ရွာထဲမှ လူတချို့အိမ်ဝိုင်းထဲဝင်လာတာကြောင့်
JungKookသည်အဖွားဘေးတွင်ထိုင်နေရင်းမှ
အိပ်ခန်းထဲသို့ပြေးဝင်သွားသည်။

"ဘာဖြစ်လာကြတာလဲလူစုံတက်စုံ"

"ဆိုလ်းက ဆရာဝန်လေးတွေ ကျန်းမာရေး
စစ်ဆေးမှုတွေလုပ်ဖို့ လာနေကြပီတဲ့
အဲ့တာ ရောက်လာရင်လူအင်အားကနည်းနည်း
များတော့ အဖွားအိမ်မှာ တချို့တည်းခိုခွင့်
ပေးဖို့ လာပြောတာ...."

"ပြောနေစရာလိုလို့လားဟယ်
ဘယ်နှယောက်နေနေ...ခေါ်လာခဲ့"

"ကျတော်တို့က ယုန်ပေါက်လေးလည်း
ရောက်နေတော့ အဆင်မပြေမှာစိုးလို့ပါ..."

"ငါ့မြေးက ဘာဖြစ်နေလို့လဲ....."

"ဘာမှတော့မဖြစ်ပါဘူးဒါဆိုအဆင်ပြေတယ်
ပဲမှတ်လိုက်မယ်နော်အဖွား ရွာမှာလည်း
အဖွားအိမ်က အကောင်းဆုံးမလို့ပါ...."

"အေး...."

"လာတော့လာနေကြပီ...ညနေလောက်တော့
ရောက်လာလိမ့်မယ်..."

"ငါထမင်းဟင်းတွေပြင်ဆင်မှပဲဒါဆို..."

"ထမင်းကတော့ ကျတော်တို့ပဲစီစဉ်လိုက်မယ်
အဖွား အဖွားအလုပ်ရှုပ်နေပါမယ်...."

"နင်တို့စားတာတွေ မြို့သားတွေကမစားနိုင်ဘူးဟဲ့
ဘာမှလည်းမသိဘဲ သွားပြန်ကြတော့
သွားကြိုရမယ်ဆိုလည်းရွာထိပ်သွား
စောင့်နေ...."

"ဟုတ်..ဟုတ်ကဲ့ အဖွား.."

ရွာမျက်နှာဖုံးလိုဖြစ်နေသောအဖွားသည်
ရွာအုပ်ချူပ်သူထက် ရာဇသံပြင်းတာကြောင့်
အားလုံးချက်ချင်းပြန်သွားကြတော့သည်။

ထပ်ဝင်လာသောသူက ယောင်း...

"မင်္ဂလာပါ ဖွား....ယုန်ပေါက်ကိုလာခေါ်တာ...."

"ခုနတော့ စောင့်နေတာ လူတွေများလို့
ထင်တယ် အိမ်ထဲဝင်ပြေးသွားတယ်
သွားခေါ်လိုက်...."

ထယ်ယောင်းသည်စက်ဘီးဘဲလေးအား
တချက်နှစ်ချက်သုံးချက်အထိ တီးလိုက်သော
အခါ ရိုးရာဝတ်စုံလေးနှင့် ချစ်စရာကောင်းသော
ကောင်လေးတစ်ယောက်သည်အိမ်ခန်းတံခါးအား
ဖွင့်ကာပြေးထွက်လာခဲ့သည်။

Butterfly...Jeon🦋 (Completed)Where stories live. Discover now