🦋29🦋

19.5K 1.8K 253
                                    

"မာမီဆေးရုံမှာ.....!"

"ဟုတ်တယ် Jimin...စိတ်ထိခိုက်သွားပုံရတယ်.....
မင်းလာတော့ကြည့်သင့်နေပြီ..."

JungKook နဲ့ချောမွေ့နေပြန်လျှင်တဖက်မှာ
ဆိုးကျိုးတွေကဖြစ်ပြီ.....။
ခေါင်းမိုးထပ်လေးမှာ နှစ်ယောက်အတူတူ
ထိုင်ရင်း ရှေ့ဆက်ဘာလုပ်ရမလဲဆိုတဲ့
ခေါင်းစဉ်တွေကိုတိုင်ပင်တိုင်းJungkook နဲ့သူ
သည်လမ်းကွဲနေသည်...။

Yoongi နဲ့စကားပြောပီးသည့်နောက်
ဖုန်းကိုချကာ မာမီဆီသွားရန်စဉ်းစားလိုက်သည်။
မိဘကမိဘပဲဆိုတဲ့ အမှန်တရားကဖျောက်လို့မရ
သူ သားဆိုးသားမိုက်တော့မဖြစ်ချင်ပါ..။
ခုတောင် ဒယ်ဒီရော မာမီပါ ဒီအခြေအနေကို
ဘယ်လိုဖြတ်သန်းနေလဲ သူမေးဖို့လိပ်ပြာမလုံ။

JungKook ကအိမ်ပြန်ပါဟု နားချလည်း
ဝန်ခံရရင်သူမပြန်ရဲတာကြောင့် ဒီခေါင်းမိုးထပ်
လေးမှာပဲခိုကပ်နေခဲ့သည်။

"Jungkook ငါဆေးရုံသွားအုန်းမယ်...."

"သွားလေ..."

"မာမီဆေးရုံရောက်နေတယ်တဲ့...ငါသွားတော့
ကြည့်မှဖြစ်မယ်....."

"ကျတော်လိုက်ပို့ပေးမယ်....."

"ငါတော့...ဘယ်လောက်ကောင်းအောင်
တော်အောင် ဘဝကိုတည်ဆောက်ခဲ့လည်း
လူဆိုးကောင်ပဲဖြစ်ရတာ...."

"Jimin လူဆိုးကောင်ဖြစ်ရတဲ့ အဓိကအချက်က
ကျတော်မလို့ အဆင်ပြေတယ်...
လာလိုက်ပို့မယ်.....မျက်နှာပျက်မနေနဲ့..."

အေးစက်စွာ တိကျစွာ...နေ့တွေကုန်ဆုံး
လာလေ Jungkook ဟာ ရုပ်လုံးကြွလာလေပါပဲ....။
JinHyungကတခါပြောခဲ့ဖူးတယ်...
JungKook က သူ့အဖေနဲ့တပုံစံထဲပါတဲ့.....။
ထပ်သိရတာက သူ့အဖေဟာ
သ်သိသာသာဆိုးခဲ့ပြီး မိုက်မဲတဲ့လုပ်ရပ်တွေ
အများကြီးကျူးလွန်ခဲ့တယ်ဆိုတာ....။

ဆေးရုံရှေ့တည့်တည့်တွင်ကားရပ်ပေးကာ
သူဆင်းသွားသည်နှင့်ချက်ချင်းမောင်းထွက်
သွားသည်...။
စိတ်အလိုမကျနိုင်သောလူတွေရဲ့လက္ခဏာရပ်
တွေပဲ....။
ကောင်းချင်ချက်ချင်း...ဆိုးချင်ချက်ချင်း...။
JeonJungKookသည်လည်းတွဲသာနေရတာ
တွဲရ ချစ်ရ သိပ်ခက်လှပါသည်...။

Butterfly...Jeon🦋 (Completed)Where stories live. Discover now