🦋5🦋

14.4K 1.9K 329
                                    

ညအချိန်သူတယောထိုးနေသောအချိန်များသည်
သိပ်စိတ်ပင်ပန်းသောအချိန်များ
ဖြစ်တတ်တာကြောင့်ပြတင်းပေါက်နားတွင်
မတ်တပ်ရပ်ကာ သံစဉ်တခုအားတီးခတ်နေ
ခြင်းကို အနှောက်အယှက်မပေးတော့ဘဲ
တံခါးစိထားခဲ့ကာ လိုအပ်တာလေးတွေ
ဝယ်ရန်အပြင်ထွက်ခဲ့သည်....။
အောက်ထပ်တွင် မမကြီးရော MrLee
ပါရှိနေပြီး Hannaက စေ့စပ်ပွဲကိစ္စတွေအား
ပြောပြနေသည်...။
အရာအားလုံးငြိမ်ငြိမ်မို့ စိတ်ချစွာပင်
ထွက်လာခဲ့ပါသည်။

Butterfly သီချင်းရဲ့ဆွေးဆွေးမြေ့မြေ့
သံစဉ်တွေအား အပီးသတ်မတီးတတ်ခင်
အရာခပ်သိမ်းပျက်ဆီးခဲ့ရတာ....။
ခုလည်းနောက်ပိုင်းရောက်လာလျှင်
သူတီးကွက်တွေမှားမှားလာတာကြောင့်
စိတ်တိုနေသည်.....။

ညဝတ်Onesetအပါးလေးအားဝတ်ထား
ကာမိုးဖွဲဖွဲကျနေသောရာသီဥတုတွင်မအေး
သလိုတယောကိုသာ အာရုံစိုက်လျှက်တီးခတ်
နေသည့်သူ....။

"JungKook နင့်ကို မာမီခေါ်နေတယ်...."

ဒေါက်ဖိနပ်သံနှင့်အတူလူတစ်ယောက်
ဝင်လာခြင်းအားသတိထားမိလိုက်ပါသော်
လည်းစိတ်တွေသည် မှားနေသော
သံစဉ်တွေကြားရှုပ်ယှက်ခတ်နေသည်။

"ဟဲ့...မကြားဘူးလား...နားပင်းနေလား..."

Hannaသည် ဒီအိမ်ကိုစရောက်လာထဲက
ဖေဖေ့မျက်နှာနှင့် အိမ်ရှေ့မင်းသမီးရာထူး
ကိုအပိုင်စားရခဲ့ကာ အသုံးမကျသော
ပေပေတေတေ JeonJungkookအား
ငယ်နိုင်ဖြစ်ခဲ့သည်... ။
တနှစ်လောက်ငယ်သောJungKookအား
ကြုံသလိုအနိုင်ကျင့်ရင်း ငိုမဲ့မဲ့ဖြစ်သွား
လျှင် ယောကျ်ားမဟုတ်ဘူးလားဟု
ပြောကာ လှောင်ပြောင်ရခြင်းကိုပျော်သည်။
အဖေက အမြဲမူး အမေကအမြဲဖိအားပေး
ကာ လုံးလည်လိုက်နေသော ဒီကောင်လေးသည်
သည်းလည်းသည်းခံနိုင်ခဲ့ပါသည်။
မမျှော်လင့်စွာ ခုလို ဘဝရောက်ခဲ့ပြန်တော့
လည်း မသနားမိခဲ့....။
တစ်ခါတစ်ရံ ပြင်းထန်လွန်းသော
JeonJungKookမျက်လုံးတွေအား
မသိစိတ်ထဲက ကြောက်နေခဲ့ကာ
ထပ်အနိုင်ယူမိသည်....။
သူမ နောက်တွင် အမေရင်းမဟုတ်သော်လည်း
ဖေဖေ့ကို သိပ်လိုချင်ခဲ့သော
မိန်းမတစ်ယောက်မလို့ သူမအား
ကပ်ပေါင်းနေရသော JeonJungKook
အမေ JeonJungMiကမားမားမတ်မတ်ရှိနေသည်။

Butterfly...Jeon🦋 (Completed)Where stories live. Discover now