🌼16🌼

18.1K 1.8K 329
                                    

မနေ့က JungKookပြသနာအားကြားပီးနောက်
သူအိမ်သို့ချက်ချင်းသွားကာ
အခြေအနေစစ်ဆေးသော်လည်းဘာမှ
အထွေအထူးတော့မဖြစ်နေ။
ဆေးစစ်ရန်ဆေးရုံသို့ခေါ်တော့ထူးဆန်းစွာ
ချက်ချင်းလိုက်ရန်ပြင်ဆင်တော့သည်။
JungKookအားဆေးရုံသို့ဆေးစစ်ရန်
အပါခေါ်ဖို့ အရမ်းခက်ခဲလှပါသည်။
ဆေးရုံနံ့တွေရယ် အပ်တွေရယ် ကိုသူသိပ်ကြောက်
တာကြောင့်အချိန်များစွာပေးကာချော့လိုက်
ခြောက်လိုက်ဖြင့်SeokJin နှင့်ညှိကာ
မနည်းခေါ်ရသည်။ လိုက်လာလျှင်လည်း
ညဝတ်အကျီ ဖရိုဖရဲဖြင့် ကပ်သီးကပ်ဖဲ့များစွာ
လုပ်လေ့ရှိသည်။
ခုတခေါက်တွင်တော့ ရေပါပြေးချိုးပြီး
ဗီရိုဖွင့်ကာ အကျီရွေးနေသောအချိန်အရမ်း
ကြာနေပီမို့ JinHyungကသတိလှမ်းပေးရ
သည်အထိ။

တီရှပ်ပေါ်တွင်ရှပ်အကျီအကွက်လေးအား
ထပ်ဝတ်ကာ ဆံပင်တွေကိုအပေါ်လှန်တင်
သည်...။ထို့နောက်ပြန်ဖီးချသည်..။
နားပေါက်ကလေးတခုတွေ့သော်လည်း
သူတခါမှနားကပ်ဝတ်တာမျိုးမတွေ့။
ဆယ်ကျော်သက်တုန်းက လက်တည့်စမ်း
ထားပုံရသည်။
ထိုနားပေါက်လေးအားနားကွင်းသေးသေး
လေးဝတ်နေတော့ သူSeokJin ကို
လှမ်းကြည့်မိသည်...။
ဆေးကု လာသည့်တလျှောက်လုံးဒီလိုပုံစံ
မျိုးက်ုပထမဆုံးမြင်ဖူးတာမို့အံ့ဩပါသည်။
ကျန်းမာပုံမှန်ပြန်ဖြစ်လာသောလက္ခဏာ
တွေမို့လည်းပျော်သလိုလို....။
အပြဲတွေပါသောဂျင်းဘောင်းဘီအား
ဝတ်ကာပိုတောင်ဆွဲဖြဲလိုက်သေးသည်။
ကျောပိုးအိတ်တအိတ်အားလွယ်ကာ
မှန်ရှေ့ကသူမခွါသေး....။

"JungKook Hyungတို့ဆေးသွားစစ်မှာနော်..."

"အင်းလေ..."

"အများကြီးမပြင်ဆင်လည်းရပါတယ်
ဆေးရုံပဲ..."

"ဆေးရုံမလို့...ပြင်နေတာ..."

ဖိိနပ်ကောင်းကောင်းတရံအားနောက်ဆုံး
စီးကာ တက်ကြွစွာပင်သူကဦးဆောင်လျက်
စထွက်ခဲ့သည်။
JinHyungအားဘာတွေဖြစ်နေတာလဲဟု
မေးချင်မိသော်လည်းအချိန်မရတော့။

ဆေးရုံသို့ရောက်တော့အရင်လို
သူ့ကိုမှီကပ်ကာ ဂျီကျဖို့ဝေးစွ။
ဖြတ်သွားဖြတ်လာမှန်သမျှအား
မျက်လုံးအဝိုင်းသားဖြင့်စပ်စပ်စုစု
လိုက်ကြည့်နေခဲ့သည်။

Butterfly...Jeon🦋 (Completed)Where stories live. Discover now