Extra🦋

13.4K 1.7K 1.2K
                                    

လိပ်ပြာလေးနေသိပ်မကောင်း...။
နေမကောင်းတာကိုသူပြောစရာမလိုဘဲ
ဆရာဝန်ကြီးကိုသိစေချင်သော်လည်း
ဆရာဝန်ကြီးက ဆရာဝန်ဖြစ်ပြီးအလိုက်မသိစွာ
အိပ်ရာအစောကြီးထပြီးအရေးပေါ်လူနာ
ရှိလို့ဟုဆိုကာဆေးခန်းပြေးသွားသည်။

ဘဝတစ်ဆစ်ချိုးမှာလူဆိုးကောင်လေး
ဖြစ်ခဲ့လည်းလန်ဒန်မှာဘဝအသစ်တစ်ခု
ထူထောင်ပြီးထဲကလိပ်ပြာလေးက
အရင်လိုပန်းချီပဲဆွဲနေတော့တာပါ။
နေမကောင်းလာရင်တော့အရင်လိုလိပ်ပြာလေးပဲ။

ကျန်းမာရေးကလည်းဆေးတွေနှစ်ရှည်လများ
စွဲကုထားရသောရောဂါသည်
ပီပီကောင်းတဲ့အခါကောင်းပြီး
မကောင်းတဲ့အခါလည်းမကောင်း
ပုံမှန်လူကောင်းတွေလိုအမြဲတမ်းတော့
လန်းဆန်းမနေနိုင်။

အတောင်ပံလေးတွေသည်ဒဏ်ရာအမျိုးမျိုးနဲ့
ထပ်ခါထပ်ခါရိုက်ခတ်ခံထားတာရယ်
ဆရာဝန်ကြီး၏
အချစ်အများကြီးခံရသောဖြစ်တည်မှုမို့
လေးမို့ သေးသေးလေးဆို လိပ်ပြာလေးက
အကြီးကြီးလည်းလုပ်ပစ်တတ်သေးသည်။

ခေါင်းမူးနေကာမအီမလည်နှင့်
ဘယ်လိုဖြစ်တာလဲမေးတော့လည်း
Butterfly Jeonရဲ့ Weekend တွေအကြောင်း
သိမှာပေါ့လေ...။

သူ့ဟာသူဆိုးပြီး သူ့ဟာသူအဆင်မပြေနေကာ
နိုးလာသည်နှင့်အသံသေးသေးလေးဖြင့်
ချွဲဖ်ို့အားခဲထားသောငြားဆရာဝန်ကြီးက
အမြန်အဆန်ပြင်ဆင်ပေးပြီးထွက်ပြေးသွားတာ
မို့ ခေါင်းငိုက်စိုက်ဖြင့်ပန်းချီပြခန်းထိုင်ရန်ပဲ
ထွက်လာခဲ့ရတော့သည်။

လိပ်ပြာလေးကပြခန်းထိုင်သည်။
သူကိုယ်တိုင်ဆွဲထားခဲ့သောပန်းချီကားတွေ
ကိုပဲပြထားကာအတော်အသင့်အောင်မြင်
နေပြီဖြစ်ပြီး တစ်နေကုန်ကောင်တာထောင့်လေး
ကပ်ကာ အဆင်သင့်ပိုက်ဆံယူရသော
အလုပ်လေးကိုပျင်းတိပျင်းရွဲ
လုပ်တတ်သည်။

"သူဌေးရောက်လာပြီလား...အစောကြီးပဲ.."

"အင်း....."

ပန်းချီကားတွေသန့်ရှင်းရေးလုပ်ရန်ငှါးထား
သောကောင်မလေးသည်အားရဝမ်းသာ
နှုတ်ဆက်သော်လည်းတစ်ဖက်ကမျက်နှာတော်
အလွန်ညို့မှိုင်းနေတဲ့အခါအခြေအနေမကောင်း
လာမှန်းသိတာမို့အလိုက်သိစွာဘာမှထပ်မပြော
တော့ပါ။

Butterfly...Jeon🦋 (Completed)Where stories live. Discover now