Extra...☁️

17.4K 1.9K 1K
                                    

အပြာရောင်လိပ်ပြာကလေးနဲ့ လျှောက်ခဲ့ရတဲ့
ဘဝခရီးဟာ...နုနုနယ်နယ်လေးနဲ့
သိပ်လှပခဲ့ပါတယ်....။

တစ်ခုသောနွေဦးလေးတစ်ဖြတ်မှာပေါ့...။

လန်ဒန်မြို့ရက်ကွက်ငယ်လေးတစ်ခု...။

"ဟင်...ကောင်လေး...ကိုယ့်ကိုတစ်ခုခု
ပြန်ပြောအုန်းလေ...စိတ်ဆိုးနေတာလား
ကိုယ်တို့နှစ်ယောက်ထဲနေတာ လိပ်ပြာလေးရယ်
မင်းဒီလိုဖြစ်နေရင် ကိုယ်အဆင်မပြေဘူး..."

သိပ်လှသောစုတ်ချက်တွေနှင့်လိပ်ပြာလေးက
ပန်းပွင့်လေးရဲ့ပုံတူကိုဆွဲနေသည်။
နှုတ်ခမ်းနေရာလေးကိုဆေးစက်တွေဖြည့်ရင်း
မျက်နှာသည် ခပ်တင်းတင်း...။
ဆရာဝန်ကြီးကတော့ ပန်းချီဆွဲနေသောလိပ်ပြာလေး
ကိုပုခုံးလေးမှသိုင်းဖက်ထားကာ နားနားလေးကပ်
တိုးစိတိုးစိပြောနေသည်။

"Jung....Kook....."

"ကျွန်တော် ဆိုးလ်ကို မပြန်ချင်ဘူး...."

"ကိုယ့် မိဘတွေကို ကိုယ်သတိရလို့ပါ
ကိုယ်တို့အပေါ်ဆိုးခဲ့တာမှန်ပေမယ့်
ခုအားလုံးခွင့်လွှတ်ပြီး အတူတူပြန်လာခိုင်းတာ
ကိုယ်တော့ပြန်ချင်တယ် မိဘက မိဘပဲလေ
သူတို့ဘက်က အရင်အလျှော့ပေးတာ.....အဲ့တာ..."

"Jimin က လွဲရင် ဘယ်သူ့ကိုမှကျွန်တော်မယုံဘူး
ခွင့်လွှတ်ပါတယ်ဆိုပြီး ပြန်မလွှတ်တော့ရင်
ဘယ်လိုလုပ်မလဲ...ကျွန်တော့်အရပ်ရှစ်မျက်နှာ
မှာဘယ်မျက်နှာကိုပဲကြည့်ကြည့်Jimin အပြင်မရှိ
လို့  မပြန်ရဘူး..."

ငါ့မိဘဆီငါပြန်ချင်တာပြန်ကိုပြန်မယ်ဟု
အနိုင်မယူရက်ပါ။
ဆိုးလ် ကို လိပ်ပြာလေးကကြောက်သည်။
ကြီးကျယ်လွန်းသောသူ့အသိုင်းအဝိုင်းကို
လိပ်ပြာလေးကကြောက်သည်။

အတောင်ပံလေးတွေ ဘယ်နှခါကျိုးခဲ့ရသလဲ....။
ဆက်ဆက်ခါနာရတဲ့အတိတ်တွေနဲ့နေရာကို
သူမပြန်ချင်တာ အပြစ်ဖို့လို့တော့မရပါ။

"Jimin က တစ်ဦးတည်းသောသားလေ....
အရင်လို အတ္တတွေပြန်ကြီးပြီး ကျွန်တော့်ဆီက
ပြန်လုသွားကြရင် ဘယ်လိုလုပ်ရပါ့မလဲ
မခွဲနိုင်ဘူး...ဗျ...."

Butterfly...Jeon🦋 (Completed)Where stories live. Discover now