🦋2🦋

17K 2K 210
                                    

အသိစိတ်တို့ပြန်ကပ်လာချိန်တွင်တကိုယ်လုံး
နွေးထွေးနေလျက်.....။
ဘယ်နှရက်လောက်အိပ်ပျော်ခဲ့ပြန်ပီလဲမသိ...
မျက်လုံးတွေဖွင့်လိုက်ကာပြတင်းပေါက်အား
လှမ်းကြည့်မိတော့ ရာသီဥတုကသာသာယာယာ
ရယ်...။

တစ်အိမ်လုံးတိတ်ဆိတ်ငြိမ်သက်နေတာကြောင့်
ကျေနပ်လှစွာ အိပ်ယာပေါ်မှထလိုက်သည်
ခြေထောက်တွေသည် ချိနဲ့မနေပါ...
အားအင်တွေပြည့်နေလျက်...YoongiHyung...
လာသွားခဲ့ပုံရပါသည်။

စကားအော်ပြောသံတွေ
ငြင်းခုန်ရန်ဖြစ်သံတွေ
ကျယ်လောင်သောရီသံတွေကိုသူသိပ်ကြောက်
ပါသည်....ညအိပ်ချိန်မျိုးတွင်လူတစ်ယောက်
၏အသက်ရှုသံတခုကိုမျှသူမကြားချင်ပါ။

လက်ကိုင်ဖုန်းမှDateအားဖွင့်ကြည့်လိုက်တော့
နှစ်ရက်ပဲအိပ်ပျော်သွားတာကြောင့်
ထူးပင်ထူးဆန်းနေရသည်....
ပုံမှန်ဆိုရက်အတော်ကြာသတိလစ်နေတတ်
သူမလား...။

ဆွဲလက်စပန်းချီကားတချပ်သည်အရောင်မစုံ
သေးဘဲရှိနေတာကြောင့် ပထမဆုံးအလုပ်သည်
လိပ်ပြာလေး၏အတောင်ပံတွေအား
အရောင်ဖြည့်ရန်သာ....

ပန်းချီကားရှိရာသို့လျှောက်သွားရင်း
စုတ်တံတွေအားစကိုင်လိုက်သည်....
လက်ကလေးတွေသည်အနီရောင်တွေဆေးတွေ
ဆီသို့စုတ်တံကိုနှစ်ချလိုက်ကာ
ဖြည်းဖြည်းချင်းစခြယ်သည်.....

"Kookie နိုးနေပီလား....."

အခန်းထဲရောက်ရောက်ချင်းစာရွက်အလွတ်
ပေါ်အနီရောင်ဆေးတွေဟိုဟိုဒီဒီလိုက်သုတ်
နေသော ကောင်လေးသည် ထုံးစံအတိုင်း
မျက်လုံးဝိုင်းတွေဖြင့်ကြည့်လာသည်။

"နိုးရင် ရေချိုးပီး မနက်စာကောင်းကောင်း
လေးစားကြမယ်လေ...အကျီအသစ်
လေးတောင် Hyungဝယ်ထားပေးတယ်"

တွေတွေလေးစိုက်ကြည့်နေသောသူ....။
ထို့နောက်ကြားရုံလေးပြောလာသည်..။

"ထွက်သွားပါ....လာမဆူပါနဲ့..."

"အိပ်နေတာနှစ်ရက်တောင်လေ
ဗိုက်မဆာဘူးလား..."

ပြန်လှည့်သွားသည်...။ဒီလိုအပြုအမူ
သည်Shockဖြစ်ပီးပြန်နိုးလာသော်
ခါဖြစ်တတ်သာပုံစံဖြစ်သည်။

Butterfly...Jeon🦋 (Completed)Where stories live. Discover now