🍃23🍃

15K 1.8K 197
                                    

"စီနီယာ....ဟိုကောင်လေးသတိရနေပီ"

ငါးရက်အထိနိုးမလာခဲ့သောကောင်လေးအား
စိတ်ပူလျှက်သူအိမ်ကိုပင်မပြန်ခဲ့ပါ။
ဆေးရုံမှာပင် နေပြီး သတိပြန်ရလာမည့်
အချိန်ကိုစောင့်ခဲ့သည်။
တခြားလူနာတွေအားဟန်မပျက်ဆေးကုပေးရင်း
ဘုရင်လေး လို အခြွေအရံများဖြင့်
လုံခြုံရေးချထားသော အခန်းငယ်ကိုဖြင့်
ခြေဦးတောင်မလှည့်ရခဲ့။

ဆေးမကုပေးနိုင်ဘဲ လာမကြည့်စမ်းပါနဲ့ဟု
MinYoongiကခပ်ရွဲ့ရွဲ့ဆိုကာ
ဆုံတိုင်း ထပ်ထပ်ထိုးချင်နေသောပုံ။

ယူရီသည်အခန်းထဲပြေးဝင်လာပြီး
သတင်းလာပို့ရှာသည်...။
တောကိုသွားထဲကသူတို့နှစ်ယောက်အကြောင်း
ရိပ်မိနေသူမို့ တကယ်ဖြစ်နေသော်အခါ
ဆရာဝန်မလေးသည် တစ်ယောက်ထဲသော
သူ့ဘက်ကိုပါခဲ့တဲ့သူ....။

"ဘယ်လိုနေလဲ....သူအဆင်ပြေရဲ့လား..."

"လုံးဝပုံမှန်ပဲ စီနီယာ...."

ခုံမှချက်ချင်းထကာJungKookအခန်းဆီသို့
တွန်းတိုက်ထွက်လာခဲ့သည်။
ရှင်းပြရမည်။
ဝိုင်းရိုက်လို့သေရင်သေပါစေ....
သူသစ္စာသေးသေးလေးတောင်မဖောက်ခဲ့ကြောင်း
ကောင်လေးက တော့သေချာသိမှဖြစ်မည်... ။

DutyCoatအဖြူရောင်သည်လေထဲလွင့်နေလျက်
Dr ParkJimin သည်ဝရုန်းသုန်းကား
ဆေးရုံထဲတွင်ပြေးနေခဲ့သည်။

အခန်းတံခါးအားခွင့်တောင်းမနေ...တောင်းရင်
လည်းဝင်လာခိုင်းမှာမဟုတ်....။
အဲ့ဒီတော့ မိုက်တိမိုက်ကန်းဖြင့်ပင်ဆွဲဖွင့်ကာ
ဝင်သွားလိုက်သည်....။

သူဝင်လာခြင်းကို JinHyungရော
Yoongi ပါမျက်မှောင်ကျုံ့ကြည့်နေပြီး
နှင်တော့မထုတ်ခဲ့ကြပါ...။
မြန်မြန်ဆန်ဆန်ပင်ရှာဖွေလိုက်တော့
ခုတင်ခေါင်းရင်းအားမှီကာ ငြိမ်ငြိမ်လေး
ထိုင်နေသော သူ့ အဆိုးခံရာနယ်မြေလေးသည်
ယူရီပြောသလို ပုံမှန်လေးပါပဲ....။

"JungKook...!!!!"

နာမည်လေးအားမတိုးမကျယ်ခေါ်ကာ
ခုတင်နားသို့ပြေးသွားလိုက်သည်။

"ခါးတွေညောင်းတယ် JinHyung....."

"အင်း...လမ်းလျှောက်ကြည့်လေ
ခဏနေရင် ခုတော့ထိုင်နေအုန်း..."

Butterfly...Jeon🦋 (Completed)Where stories live. Discover now