🦋

8.5K 960 59
                                    


Butterfly Jeon Introက လိပ်ပြာလေးဘက်ကရေးတဲ့
ကဗျာလေးနဲ့ပတ်သတ်ပြီးပြောစရာလေးရှိလို့ပါ။
San ကျောင်းတုန်းက ကဗျာရေးတတ်တဲ့သူငယ်ချင်းတွေနဲ့သူတစ်​ကြောင်းကိုယ်တစ်ကြောင်း ကဗျာစပ်ပြီး
ကဗျာတွေရေးလေ့ရှိပါတယ်။
ဝါသနာတူရာတွေစုပြီးFeelခဲ့ကြတာပေါ့လေ။

ပန်းနုရောင်ထဲကစာရေးဆရာတို့လို့
ဝိုင်းဖွဲ့ပြီး ကဗျာတွေဖတ်ကြရေးကြ
လုပ်ခဲ့ကြတယ်။အဲ့ကဗျာလေးကအဲ့ဒီ
တုန်းက လူတစ်ယောက်နဲ့အတူစပ်ရေး
ထားတဲ့ကဗျာပါ။

ဟိုတလောကမှ Butterfly Jeonကိုပြန်ဖတ်မိရင်းစာအုပ်များသာထုတ်ဖြစ်ခဲ့ရင်မထုတ်သေးပါဘူးတွေးမိတာပါ။ဒီကဗျာကငါတစ်ယောက်ထဲအပိုင်မှမဟုတ်ဘဲဆိုပြီး အဲ့ဒီလူကိုအကျိုးအကြောင်းသွားပြောပြတော့ Appမှာကပြဿနာမရှိပေမယ့်စာအုပ်ကျသူကသူ့အပိုင်းလေးတွေ
တချို့က သူနှစ်သက်ရတဲ့ကဗျာဆရာကြီးရဲ့ အသွားအလာမျိုးတွေအငွေ့အသက်တွေပါနေတာမို့စာအုပ်ထဲကျ သူမတည့်စေချင်တဲ့ပုံပေါက်နေခဲ့တယ်။
သူကစာအုပ်မှာပဲမထည့်စေချင်ပေမယ့်Sanကတော့
နည်းနည်းအတွေးသမားမို့ Story မှာလည်းအတူတူ
ပဲထားလိုက်ချင်ပါတယ်။

BJရေးတုန်းကစာရေးသူပေါက်စဘဝဆိုတော့စာအုပ်တွေဟိုလှန်ဒီလှန်တွေ့ရာမြင်ရာကိုဇာတ်အိမ်တည်ခဲ့တာ
ကြောင့် ဒီလိုပဲ ကျောင်းတုန်းက
အပျင်းပြေလျှောက်ခြစ်ခဲ့တာတွေပဲဆိုပြီးသူ့လည်း
သေချာမပြောမိဘူး။ကျောင်းတုန်းကရေးဖူးတာကို
ပြန်ယူရေးတာလည်းဒီကဗျာတစ်ခုပါပဲ။

အဲ့တော့ စိတ်လည်းလုံးဝရှင်းလိုက်
ချင်တာနဲ့San အသစ်ပြန်ပြင်လိုက်ပါတယ်။ဘာမှ
သိပ်တော့အရေးကြီးလှတယ်မဟုတ်ပေမယ့် လာ
အသိပေးချင်တဲ့စိတ်လေးဖြစ်လာခဲ့လို့ပါ။
Butterfly Jeonတစ်ခုလုံး
ကိုယ်တိုင်ကိုယ်ကျအငွေ့အသက်တွေပဲဖြစ်ချင်ခဲ့တာ
လည်းပါတယ်။လိပ်ပြာလေးမို့ပါ။ပိုပြီးလှအောင်ပြန်
ရေးထားပါတယ်။

သိပ်အများကြီးလည်းမဟုတ်ပါဘူး။
တစ်ကြောင်းနှစ်ကြောင်းပါ။
အဓိကကတချို့ကျ အလွတ်တွေတောင်ရနေကြတာမို့ San Story တစ်ခုလုံးကိုလိုက်ပြောင်းနေသလားလို့ထင်ကြမှာစိုးလို့။ အတွေးကလွန်ရင်တဆုံးမို့။

လိပ်ပြာFanတွေကSensitive တွေများ
တာမို့ ဒါလေးလာပြောပြတာပါ။
ကျေးဇူးတင်ပါတယ်။

မကြာခင်ပြန်လာခဲ့ပါ့မယ်။
Project အတွက်ShortStoryလေး
လည်းလက်စသတ်နေပါပြီ။
Project ပါဝင်ခဲ့တဲ့သူများ
မကြာခင်ဖတ်ရတော့မှာပါ။🦋

Butterfly...Jeon🦋 (Completed)Where stories live. Discover now