🦋13🦋

17K 1.9K 300
                                    

အပြစ်တွေကျူးလွန်မိထားပြီဟုယူဆ
ရသော ရင်ဘက်အပြည့်ကိုက်ရာနီနီ
တွေလက်ခံရရှိခဲ့တဲ့ ညကစ
နေရတာမလုံခြုံခဲ့......။
ဘဝက ကျွံကျနေပြီ....ထိုကောင်လေးရဲ့
အသံတိုးတိုးတွေကြားမှာ...
ကိုယ့်ကိုကိုယ်မသိချင်ယောင်ခြင်းအနုပညာ
မှာသိပ်ကျွမ်းကျင်တယ်လို့လည်းမဟုတ်ပေမယ့်
ခံစားရသမျှကို မသိကျုံးနွံပြုကာ
နောက်တနေ့မနက်မိုးမလင်းခင်ပြန်ပြေးခဲ့ရပြန်သည်။
နောက်ရက်တွေတော့..သူအနေအထိုင်
ဆင်ခြင်တာထက် JungKookနှင့်
မဆက်နွယ်မိအောင်ကြိုးစားနေသည်....။

မတွေ့ချင် မမြင်ချင်...မပတ်သတ်ချင်၍
မဟုတ်ပါ...တွေ့ချင် မြင်ချင်နေ၍ဖြစ်သည်။
ထိုကောင်လေးသည်....သူ့ကိုယ်သူလိပ်ပြာ
လေးတစ်ကောင်ဖြင့်နှိုင်းယှဉ်အသက်ရှင်
ခဲ့တာ သိပ်လွန်ကြူးခြင်းတော့မဟုတ်ပါ....။

ညိုးငယ်သွားတဲ့အခါ...မဲ့ကျသွားသော
မျက်နှာလေးကအစ သဘောတကျရီမော
တဲ့အခါ ပေါ်လာတတ်တဲ့
သွားတန်းဖြူဖြူလေးတွေအဆုံး.....။
ရှက်သွားတဲ့အခါနားရွက်ကလေးကို
လက်ကလေးဖြင့်အုပ်လိုက်တာအစ
ဝိုင်းစတဲ့အခါ နှာခေါင်းလေးရှုံ့ကာ အသံသေးသေး
လေးနဲ့ ပြန်ငြင်းတာ.အဆုံး...
စားပွဲခုံပုလေးနဲ့မနက်စာတွေအတူတူ
စားဖြစ်တဲ့အခါ တင်ပါးအောက်ခြေထောက်လေး
ဖိကာ ကျုံ့ကျုံ့လေးထိုင်ပြီး
တွေ့သမျှအကုန်ပါးစပ်ထဲ
အားရပါးရထည့်စားတတ်သည့်ပုံရိပ်လေး
တွေသည်....
ငါ့ကိုလာမကပ်စမ်းနဲ့လို့ ပြောပစ်လိုက်ဖို့
စိတ်ရော ကိုယ်ပါ လက်မခံခဲ့ပါ....။

လုပ်အားပေးပြီးပြန်လာတိုင်းသူစောင့်နေတတ်
ကာစကားတွေတတွတ်တွတ်ပြောတတ်သည်။
တအင်းအင်း ထောက်ခံကာ
JinHyung တို့ အဖွားတို့ အကြည့်တွေကိုလည်း
အထူးသတိထားခဲ့ရသည်...။
အရမ်း တက်ကြွစွာ အင်း အဲ လုပ်လို့မရသလို
စိတ်မပါသလို ပြီးစလွယ်နားထောင်ပေးလို့လည်းမရပါ။

တချို့နေ့တွေမစောင့်နေလျှင် ကြိတ်ရှာမိတတ်ပြီး
ထယ်ယောင်းနှင့်စကားပြောနေတတ်တာမျိုး
တစုံတခုကို အာရုံအပြည့်အဝရောက်နေကာ
သူ့ကို လုံးဝဂရုမစိုက်လျှင်
ငါပြန်လာပီလေ လ်ို့ပြေးပြောချင်ခဲ့သည်....။
သို့သော် တကယ်ပြေးပြော၍မရပါ..
မခေါ်လျှင်မခေါ်တဲ့အတိုင်းထားပြီး
မြိုသိပ်ကာအခန်းထဲဝင်ခဲ့ရသည်...။
မျက်နှာပေါ်တွင်လည်းဘာအရိပ်တခုမှ
မပေါ်လွင်စေရန်လည်းဂရုစိုက်ရသေးသည်....။

Butterfly...Jeon🦋 (Completed)Where stories live. Discover now