Chapter 1

11.2K 1K 3
                                    

Unicode


လွီနင် သူ့အရှေ့က အဆောက်အဦးကိုကြည့်မိတော့ သူ့ခြေထောက်တွေကို ထပ်ရပ်လိုက်မိပြန်တယ်။သူဒီလိုမျိုးလုပ်နေမိတာ သုံးရက်ရှိနေခဲ့ပြီ။
ဒီလိုမျိုး မဝံ့မရဲရှက်နေမိတာကိုလည်း ရွံရှာမိလာပြီ။

လွီနင်က တက္ကသိုလ်ကနေ ဘွဲ့ရပြီးလို့ အလုပ်အကိုင်လည်း အတည်တကျရှိ​နေပြီ။ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်က ပျောက်ဆုံးသွားခဲ့တဲ့ အဲ့ဒီအမျိုးသမီးနဲ့ ပြန်တွေ့ခဲ့တယ်။သူမက အရင်လိုပဲ ရန်လိုပြီး သူ့ကိုယ်သူ အရူးလုပ်နေတုန်းပဲလား။

တကယ်တော့ အဖေက ဒီအိမ်ကို သူ့အတွက်ထားခဲ့တာပင်။ သူပြန်လာချင်တယ်ဆိုရင်တောင်  ဘာမှမပြောနိုင်​​မည် မဟုတ်ပေ။ ဒါ့အပြင် သူ့အဖေကွယ်လွန်ပြီးတဲ့နောက် သူတို့မိသားစုရဲ့ ငွေတွေအကုန် အဲ့ဒီမိန်းမရရှိခဲ့ပေမယ့် သူ့ရဲ့ကျူရှင်လခ တစ်နှစ်စာသာ ထောက်ပံ့ပေးခဲ့သည်။

လွီနင် တက္ကသိုလ်တက်တော့ သူမစီက ငွေကြေးထောက်ပံ့မှုကို ဘယ်တုန်းကမှ မမျှော်လင့်​ထားခဲ့။ မမုန်းတာတော့ မဟုတ်ပေမယ့် အဲ့ဒီ အမျိုးသမီးကို ဘယ်တော့မှ ထပ်မမြင်ချင်တော့ပေ။

စိတ်အနှောက်အယှက်ဖြစ်လောက်အောင်တော့ မဟုတ်ပေမယ့် တက္ကသိုလ်တက်ရင်း ကျူရှင်လခပေးရန် အလုပ်လုပ်ရတာ တကယ်ကို ခက်ခဲခဲ့သည်။ ထိုအချိန်က  သူမကလည်း  သူ့အဖေ နေမကောင်းဖြစ်နေတာကို ဂရုမစိုက်ဘဲ အရက်တွေသာ သောက်နေခဲ့သည်။

တကယ်တော့ ထိုမိန်းမကို လွီနင် စမြင်မြင်ချင်းထဲက သဘောမကျခဲ့ပေ။ လွီနင်ရဲ့  ရှေးရိုးစွဲတဲ့သူ့အဖေက သူနဲ့အသက်ကွာလွန်းတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ကို ဘာလို့ကြိုက်ခဲ့လဲဆိုတာ နားမလည်ခဲ့။

လွီနင်နဲ့ အဲ့ဒီမိန်းမ အပြင်အတူသွားရင် တခြားသူတွေက သူတို့က်ို မောင်နှမ အရင်းတွေလို့ထင်ကြသည်။ သူမက ငယ်ရွယ်ပြီးလှပကာ ၂၇ နှစ်အရွယ်မှာ ၁၀ နှစ်အရွယ်သား တစ်ယောက်ရခဲ့သည်။

လွီနင်ရဲ့အဖေက သူ့ကို "ညီလေး" လို့ခေါ်ခိုင်းခဲ့တယ်။ ရိုးရိုးသားသားပြောရရင် သူမခေါ်ချင်ပေ။ လွီနင်က ထိုမိန်းမကို "အန်တီ" လို့ပဲ ခေါ်တယ်။ "အန်တီ "ဆိုတဲ့ အသုံးက အပြင်လူကို ရည်ရွယ်တာဖြစ်လို့ သူ့အတွက် ခေါ်ရန် အရေးမကြီး။ ဒါပေမယ့် "ညီလေး" ဆိုတာကတော့ မိသားစုဝင်လို့ သက်မှတ်လိုက်တာပင်။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now