Chapter 15

3.6K 603 4
                                    

Unicode

" ကိုကိုဖြစ်စေချင်တာ အားလုံးကို ကျွန်တော်လုပ်မှာပဲ။ ဟုတ်တယ်... ဘာလို့ဆို ကိုကိုကြောင့်ပဲ။ "

ဝေ့ဒါက ပြောပြီးတာနှင့် လွီနင်ပုခုံးကိုပုတ်ကာ အနောက်ကိုပြန်လှည့်ပြီး ရုပ်ရှင်ရုံထဲကို ပြန်ဝင်သွားသည်။

လွီနင်ကိုယ်အတွင်းက သွေးတွေ​အေးခဲသွားပြီး သူ့ကိုယ်သူ ကြာကြာရပ်​တည်နေနိုင်​​အောင်ပင် မစွမ်းနိုင်တော့။ ထို့ကြောင့် သူနောက်ဆုတ်ကာ နံရံကိုမှီလိုက်ရသည်။

ပေါက်ပေါက်ရောင်းတဲ့သူက စပ်စပ်စုစု လှမ်းကြည့်လာသည်။

ဝေ့ဒါက ဟာသပဲ ... သူနောက်​နေတာလို့သာ လွီနင် တွေးနေမိသည်။

သူ့ရဲ့ ဒီအကြောင်းပြချက်က အပေါ်ယံမှာ သူ့ကိုယ်သူ စိတ်သက်သာရစေပေမယ့် သူ့စိတ်ထဲမှာတော့ ဘာတွေဖြစ်ပျက်သွားလဲဆိုတာ နားမလည်နိုင်တော့။

လွီနင် ရုပ်တုတစ်ခုလို အေးစက်နေသည့် နံရံကိုသာ မှီရပ်နေပြီး ရုံထဲက ဆူညံ​နေသည့် ရယ်မောသံတွေကိုသာ နားထောင်နေမိသည်။ သူ့နှုတ်ခမ်းထောင့်တွေကို ကွေးကာ ရယ်မောလိုက်ချင်ပေမယ့် သူမရယ်နိုင်တော့။

ဘာကြောင့် ဒီလိုမျိုး ဖြစ်သွားခဲ့ရတာလဲ။

သူ ဝေ့ဒါကို စောင့်ရှောက်တယ်... ကူညီပေးတယ်... ဂရုစိုက်ပေးတယ်... ဘာကြောင့်လဲဆို သူ့ညီဖြစ်နေလို့လေ။

လွီနင်က သူ့ရဲ့ ဆွေမျိုးလေ။ သူ ဝေ့ဒါက်ို နေရောင်အောက်မှာ အသက်ရှင်သန် နေထိုင်နိုင်တဲ့ သာမန်လူတစ်ယောက်ဖြစ်ဖို့ မျှော်လင့်ခဲ့သည်။
[ ဝေ့ဒါက မကောင်းဆိုးဝါးလို့ ဆိုလိုချင်...]

သာမန်လူတစ်ယောက်သာဆို သူနိုးထလာချိန်မှာ သူ့အစ်ကိုကို သဘောကျမိမှာမဟုတ်ပေ။

သူက ယောကျာ်းတစ်ယောက်လေ...

ပြီးတော့ ငါက သူ့အစ်ကိုလေ...

ဒါက ပုံမှန်မဟုတ်ဘူး...

လွီနင် သူ့မျက်နှာကို အုပ်ကာ မြေကြီးပေါ် ထိုင်ချလိုက်သည်။

အရာရာတိုင်းက ကောင်းမွန်တဲ့ တိုးတက်မှုတွေဖြစ်ပေါ်နေပြီး သူမှာလည်း အနာဂတ်အတွက် မျှော်လင့်ချက်တွေ အများကြီးနှင့် ပြည့်နေခဲ့သည်။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now