Chapter 30

3.3K 507 7
                                    

Unicode

သိသွား​ပြီ.... ကိုကို သိသွားပြီ !

ဝေ့ဒါ ရူးသာရူးသွားချင်တော့သည်။ သူတံခါးအပြင်ဘက်သို့ ကရောသောပါးပြေးထွက်ကာ ဘူတာရုံသို့ တက္ကစီခေါ်လိုက်သည်။

မြို့နှစ်မြို့က အရမ်းဝေးလွန်းတယ်လို့ ဝေ့ဒါ ပထမဆုံးအကြိမ် ​တွေးမိတာပင်။
ဒါက တင်းထားတဲ့သူ့စိတ်ကို ပြိုလဲစေမတတ်​ဖြစ်​နေသည်​။

လအနည်းငယ်လောက်ပြန်မလာခဲ့သော စင်္ကြံလမ်းဟောင်းက အရင်လို ​အော်ဂလီဆန်စရာ ပုပ်သိုးသိုးအနံ့နှင့် စိုထိုင်းလျှက်ရှိနေတုန်းပင်။ ဝေ့ဒါ သူ့အိတ်ကပ်ထဲက သော့ကို အလောတကြီးဆွဲထုတ်ကာ တံခါးကိုပုတ်ရင်း အော်ခေါ်လိုက်၏။  

" ကိုကို ! တံခါးဖွင့်ပေး ! ကိုကို ! "

ချက်ချင်းပဲ အော်သံကျယ်ကျယ်က ညအလယ်မှာ စူးစူးဝါးဝါး ပေါ်ထွက်လာလေသည်။
တံခါးက ပွင့်သွားပြီး အခန်းအတွင်းမှာတော့ မှောင်မဲနေလေသည်။

ဝေ့ဒါတုန်လှုပ်သွားပြီး အသံကိုနှိမ့်၍ ခေါ်လိုက်၏။

" ကိုကိုလား။ "

ပြန်လည်ဖြေကြားသံကား ပေါ်ထွက်မလာခဲ့။

" ကိုကို "

အခန်းထဲမှာ ဗလာကျင်းနေပြီး ပရိဘောဂတွေကလည်း ဖုံတက်လျှက်။ အိမ်ပြောင်းစဥ် အထုတ်အပိုးတွေပြင်ချိန်က သူထားခဲ့တဲ့ စက္ကူတွေကလည်း ကြမ်းပြင်မှာ ထိုအချိန်က အတိုင်းပင်။

ဘယ်သူမှလည်း ရောက်မလာခဲ့သလို ဘယ်သူမှလည်း ရှိမနေခဲ့။

" ကိုကို... ပုန်းမနေပါနဲ့... ကိုကိုရှိနေတာကို ကျွန်တော်သိတယ်။  "

လွီနင် သူ့ကိုပုန်းမ​နေမှန်းသိ​​ပေမယ့်လည်း ​​အခန်းထောင့်ကျဥ်းကျဥ်းတွေ၊ ကုတင်ကြားတွေအထိ လူတစ်ယောက်ဝင်ဆံ့လို့ရသည့် နေရာတိုင်းကို သူလိုက်ရှာနေမိသည်။

နောက်ဆုံးတော့ ဝေ့ဒါ မတ်တပ်ရပ်ဗီရိုကို ဖွင့်လိုက်၏။ အထဲမှာတော့ ဆောင်းရာသီဝတ် အနွေးထည်အထူကြီးတွေ ရှိနေဆဲပဲ။

အထူးသဖြင့် အနီရောင်ရင့်ရင့် ကုတ်အင်္ကျီက နှစ်သစ်ကူးတုန်းက ကိုကို သူ့အတွက် ဝယ်ပေးခဲ့တာပင်။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now