Chapter 37

4K 590 34
                                    

Unicode

အနောက်အရပ်သို့ ယွန်းသွားသည့် နေဝင်ဆည်းဆာဟာ လူနာဆောင်အတွင်းမှာ ရောင်ခြည်ဖြာလျှက် အခန်းတစ်ခုလုံးကို လိမ္မော်ရောင်သွေး တောက်ပနေစေသည်။

မျက်နှာသုတ်ပဝါများ၊ သွားတိုက်တံ၊ လဲထားသည့် အဝတ်တွေအားလုံးကို စုပြုံထည့်လိုက်တာတောင် အိတ်ကသေးသေးလေးပင်ရှိသေးသည်။ စွန့်ပစ်ရမည့် ပစ္စည်းတွေကိုလည်း မနက်ကတည်းက ရှင်းလင်းပြီးသားဖြစ်သည်။ လူနာကိုယ်တိုင်က ကုတင်ပေါ်မှာထိုင်နေရမှာဖြစ်ပေမယ့် လူနာစောင့်မရှိတာကြောင့် ဝေ့ဒါကိုယ်တိုင် ဆေးရုံဆင်းဖို့ရန် ပြင်နေခြင်းပါပေ။ ဝေ့ဒါ စာရွက်တစ်ရွက်ကို ကြည့်နေရာမှ အိတ်ထဲသို့ ထိုးချေထည့်လိုက်၏။

သူနာပြုတစ်ယောက်က သူဆီလာစစ်ဆေးကြည့်ရင်း မေးသည်။
" မင်း ဒီနေ့ ဆေးရုံဆင်းရမှာမလား။ ဘာလို့မဆင်းသေးတာလဲ။ "

" ကျွန်တော် လူတစ်ယောက်ကို စောင့်နေတာ "

ထိုအချိန်တွင် သူ့သူငယ်ချင်းဆီက ဖုန်းဝင်လာလေ၏။

" ငါ မင်းအစ်ကိုကို မင်း ဒီနေ့ဆေးရုံဆင်းမယ့်အကြောင်း message ပို့ထားတယ်။ ခုထိ မရောက်သေးဘူးလား။ သူမလာချင်လို့နေမှာပေါ့။ မင်း အကြာကြီးဆေးရုံတက်နေတာတောင် သူက တစ်ခါလေးပဲ လာကြည့်သွားတာလေ။ သူမလာတော့ဘူးလို့ ထင်တာပဲ။ မဟုတ်ရင်လည်း ညကြအပြင်လေးဘာလေးထွက်ပြီး နည်းနည်းပါးပါး ပျော်ကြရအောင်။ မင်းနဲ့ မိတ်ဆက်ပေးဖို့ လူနည်းနည်းလည်း ခေါ်ခဲ့မယ်လေ။ လိုက်ခဲ့စမ်းပါ ။ သောက်ကြစားကြရုံပဲဟာကို.... ဘာ... မလိုဘူးလား... မင်းအစ်ကိုက အလုပ်များနေတယ်ဆိုရင်တောင် အလုပ်ဆင်းရင်တော့ လာသင့်တာပေါ့။ သူ မင်းကို မတွေ့ချင်လို့လေကွာ... မလာမချင်းစောင့်နေရအောင် မင်းက သောက်ရူးလား။ "

ဝေ့ဒါ ဖုန်းချပစ်လိုက်၏။

အချိန်​ကြာလာတာနှင့်အမျှ လိမ္မော်ရောင် အလင်းတန်းတွေဟာ တဖြေးဖြေး မှေးမှိန်ကာ မှောင်ရိပ်သန်းလာတော့သည်။

ဆောင်းဦးရာသီဝင်လာတာကြောင့် နေ့တာကလည်း ပိုပိုတိုလာချေပြီ။

Nowhere to Go (Myanmar Translation) ✔️Donde viven las historias. Descúbrelo ahora