Chapter 9

3.8K 670 9
                                    


Unicode

လွီနင် လှေကားရင်းမှာ တစ်ညလုံးထိုင်နေခဲ့သည်။

ကောင်းကင်မှာ နေထွက်လာချိန် အပေါ်ထပ်က တံခါးဖွင့်သံကြားလိုက်ရသည်။ နောက် လူတစ်ယောက် အော်သံထွက်ပေါ်လာသည်။

" ဒီကမိတ်ဆွေလေး ပိုက်ဆံအိတ်ပျောက်သေးလား... ကိုယ်တို့တံခါးနားက ဟင်းရွက်အိုးနားလောက်မှာ မတွေ့​ဘူးလား။ "

" ကျွန်တော် မနေ့ကတော့ မတွေ့မိဘူး။ "

" မင်း သေချာမကြည့်လို့ဖြစ်မယ်။ တံခါးပေါက်နားမှာလေ..."

တံခါးပိတ်လိုက်တဲ့အသံကြောင့် စကားစပြတ်သွားသည်။ လွီနင် သူ့ဘောင်းဘီကို ဆွဲမကာ ထရပ်လိုက်သည်။

တစ်ညလုံး ဒေါသထွက်ပြီးနောက်တော့ သူစိတ်တည်ငြိမ်သွားပြီ။

လွီနင် မ​နေ့ညတုန်းက ဝေ့ဒါကို ပြောခဲ့တာတွေအတွက် နောင်တရမိသည်။ သူ ဝေ့ဒါလုပ်ရပ်တွေကို နားမလည်ပေမယ့် သူ့ကိုယ်သူပဲ အပြစ်တင်ကာ စိတ်လျှော့လိုက်သည်။

သူအစကတည်းက မှားနေခဲ့တာ ဖြစ်မယ်။ ဝေ့ဒါကို လမ်းကြောင်းမှန်အောင် ပြုပြင်ပေးချင်ပေမယ့် ဝေ့ဒါ၏ ကိုယ်ပိုင်အတွေးတွေကိုတော့ ဘယ်တုန်းကမှ မမေးခဲ့မိဘူး။

အခုတော့ သူ့ညီအကြောင်း ဘာတစ်ခုမှ သူမသိတာကို နားလည်လိုက်ပြီ။

ဝေ့ဒါပြန်လာရင် လွီနင် သူနဲ့ သေချာစကားပြောရမယ်။ ဒါပေမယ့် ဝေ့ဒါကတော့ ပြန်မလာခဲ့....

ညနေပိုင်းရောက်လာတာတောင် ဝေ့ဒါပေါ်မလာခဲ့ပေ။ လွီနင် နောက်ဆုံးတော့ စိတ်ပူလာရပြီ။ လွီနင် တံခါးပေါ်မှာ စာတိုလေးကပ်ပြီး ဂျာကင်အင်္ကျီကိုယူကာ အပြင်ထွက်ခဲ့လိုက်သည်။

အခုမှပဲ မြို့တော်က သူထင်ထားတာထက် ပိုကျယ်မှန်း သိရတော့သည်။ စီးပွားရေးနယ်မြေ၊ စက်မှုဇုန်၊ လူနေရပ်ကွက် အကြီးအသေးတွေနဲ့ ပြည့်နေသည်။

ဒီလိုနေရာအကျယ်ကြီးမှာ တစ်စုံတစ်ယောက်ကိုရှာရတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပဲ။

*************************

" ထွက်သွားတယ်.... ဘာဖြစ်လို့လဲ...."
လျိုကျင်းက ဖုန်းထဲကနေ အံသြတကြီး မေးလာသည်။

Nowhere to Go (Myanmar Translation) ✔️Wo Geschichten leben. Entdecke jetzt