Chapter 38 << Final >>

9.4K 725 26
                                    

Unicode

" အရောင်ကျဆေးကို တစ်နေ့သုံးကြိမ်သောက်ပေးပါ "
လွီနင်က ပြုံးကာဆိုရင်း ဆေးမှတ်တမ်းကို လူနာရှင်လက်ထဲသို့ ထည့်ပေးလိုက်သည်။

အလုပ်ဆင်းချိန်နီးလာပြီဖြစ်၍ လူနာလည်း အများကြီးမရှိတော့။ ဆရာဝန်တွေကလည်း စားပွဲပေါ်က သက်ဆိုင်ရာပစ္စည်းတွေကို ထုတ်ပိုးသိမ်းဆည်းနေကြလေပြီ။

စီနီယာက ဖန်ခွက်တစ်လုံးကို ရေဆေးကာ စားပွဲပေါ်ကို တင်ကာ မေးလာ၏။

" လွီနင် မင်း မပြန်သေးဘူးလား။ "

" အင်း "

လွီနင် သူ့၏ အဖြူရောင်ဂျူတီကုတ်ကိုချွတ်ကာ အနောက်က ချိတ်မှာချိတ်လိုက်ရင်း ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။  

ဒီနေ့က လွီနင်နှင့် ပြန်ပြီးပြေလည်သည့် ပထမဆုံးနေ့ပင်။

အပြင်မှာတော့ နှင်းကျတာ ရပ်တန့်သွားချေပြီ။ သို့သော်ငြားလည်း ဆီးနှင်းဖွားဖွားလေးတွေကတော့ ပိုမိုသည်းထည်လာပြီး သစ်ပင်တွေပေါ်မှာဆိုလျှင် အဖြူရောင်အလွှာပါးပါးလေးတွေအဖြစ် ကျန်နေခဲ့လေသည်။

အလုပ်ဆင်းနေကြသော လူတန်းကြီးနှင့် လိုက်ပါသွားသော စီနီယာက ရုတ်တရက်ကြီး လည်ပြန်လှည့်ကာ အော်ပြောလာ၏။ 

" လွီနင်ရေ.. မင်းညီလေး အပြင်ဘက်မှာ မင်းကိုစောင့်နေတယ်။ "

ဝေ့ဒါက အညိုရောင်ကုတ်အင်္ကျီထူထူတစ်ထည်ကိုဝတ်ထားပြီး တံခါးနားမှာ မတ်တပ်ရပ်နေလေသည်။ 

ဝေ့ဒါကိုမြင်လိုက်ရချိန်မှာ လွီနင် လှမ်းလက်စခြေလှမ်းတွေ ရပ်တန့်သွားရသည်။ ဝေ့ဒါကလည်း သူ့ကိုတွေ့သွားပြီး မျက်လုံးတွေ မှေးကျဥ်းကာ ပျောက်သွားသည်အထိ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလာသည်။ 

လွီနင် ခဏလောက်ကြောင်အသွားပြီးမှ သူ့ဆီသို့ လျှောက်သွားမိသည်။

" မင်းက ဘာလို့ ဒီရောက်နေတာလဲ "

ဝေ့ဒါက သူ့ကိုထပ်ပြုံးပြလာပြီး_
" ကိုကို့ကို လာကြိုတာလေ "

နှင်းတွေအရည်ပျော်သွားချိန်က နှင်းကျနေတုန်းအချိန်ထက် ပိုပြီး အအေးပိုလာသည်။  ဝေ့ဒါ စကား​ပြောလိုက်ချိန်တိုင်း သူ့ပါးစပ်ထဲကနေ အငွေ့တွေ ထွက်လာတာကို မြင်နေရသည်။ 

Nowhere to Go (Myanmar Translation) ✔️Opowieści tętniące życiem. Odkryj je teraz