Chapter 21

3.4K 577 9
                                    

Unicode

Positive... Positive တဲ့...

လွီနင် စိတ်ထဲ ဗလာကျင်းသွားရသည်။ ဒါက " နောက်လှည့်မရ ​ရှေ့တိုးမရ" အခြေနေမျိုးပင်။ ဒီအချိန်တိုလေးမှာပဲ အသိတရားတွေအားလုံး ပျောက်ဆုံးသွားပြီး ဘာကိုမှ သူမသိတော့။

ဒါက ကူးစက်ရောဂါဆိုးကြီးလေ။

ဝေ့ဒါက သူ့ကိုဖက်ပြီး နှစ်သိမ့်လာ၏။

" ကိုကို ဘာမှကြောက်စရာမလိုဘူး။ ကိုကို့မှာ ကျွန်တော်တစ်ယောက်လုံးရှိသေးတယ်။  "

သူ့အသံကို ကြားလိုက်ရချိန် လွီနင်ရုတ်တရက် မှင်သက်မိသွားသည်။ လွီနင် ဝေ့ဒါ၏ အင်္ကျီလက်ကိုဆွဲကာ အထိတ်တလန့် မေးလိုက်သည်။

" ဒါ... ဒါဆ်ို... မနေ့က မင်း... ရောဂါကူးသွားပြီပေါ့။ "

လွီနင် အိပ်ရာနိုးချိန်က နောင်တရသလို ဖြစ်နေခဲ့ပေမယ့် စိတ်ထဲမှာတော့ သူကံကောင်းဖို့ရန် မျှော်လင့်နေဆဲပင်။ သို့သော်လည်း သူကူးစက်ခံလိုက်ရပြီဆိုတာကို သိလိုက်ရတော့ သူအရမ်းကို ခါးခါးသီးသီး ဖြစ်မိသွားသည်။

ဝေ့ဒါသာ ကူးစက်မခံရလျှင် ဘာပဲဖြစ်ဖြစ် သူ့အတွက် ကံကောင်းခြင်းပဲ။

ဝေ့ဒါ လွီနင်၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်လျှက်ပြောလိုက်သည်။

" ဘာမှ မဖြစ်ပါဘူး။ "

" ​ဖြစ်နိုင်​လောက်လား ... ရောဂါမကူးတာမျိုးလေ...ယောကျာ်းကနေ မိန်းမကို ကူးတာမျိုးလေ။ "

" ဒါက ဖြစ်နိုင်ချေရှိတဲ့ ပြဿနာတစ်ခုပဲ​လေ။ ငါတို့က ရောဂါကူးစက်နိုင်တဲ့အထိ အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ကြတာလဲမဟုတ်တော့... ဖြစ်နိုင်တာက... "

လွီနင် အိပ်ရာပေါ်က သွေးစတွေကို မြင်လိုက်တော့ သူ့မျက်နှာက ဖြူဖျော့သွားရသည်။

လွီနင်က အထိတ်တလန့် စကားပြောလာလေ ပိုပြီး ကြောက်ရွံ့လာလေဖြစ်နေတယ်လို့ ဝေ့ဒါ ခံစားလိုက်ရ၏။

" ဘာ​ရောဂါမှ မဖြစ်နေဘူးလို့ ကျွန်တော်ပြောနေတယ်လေ !"

လွီနင် စကားပြောတာရပ်သွားပြီး ဝေ့ဒါကို ကြောင်အလျှက် ကြည့်လာ၏။ 

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now