Chapter 26

2.8K 531 6
                                    

Unicode

ယန်မိန့်ချီက ခဏခဏဖုန်းတွေ ဆက်နေခဲ့သည်။ အစပိုင်းမှာတော့ သူမက အမှန်တကယ်ပဲ ဝေ့ဒါနှင့် ပြန်လည်သင့်မြတ်ချင်နေတာဖြစ်မယ်လို့ထင်ခဲ့​ပြီး ဝေ့ဒါကို​ပင် ဖျောင်းဖျခဲ့ပေမယ့်လည်း သူမက ဖုန်းဆက်တာကို လုံးဝမရပ်ခဲ့ပေ။ နောက်ပိုင်းတွင်တော့ ညသန်းခေါင်ယံမှာတောင် ဖုန်းတွေဆက်လာသလို ဖုန်းခေါ်ဆိုမှုတွေကလည်း အနှောင့်အယှက်တွေသာ ဖြစ်လာခဲ့သည်။

သူမသားကိုသာ အမှန်တကယ် ဂရုစိုက်သည့် မိခင်တစ်ယောက်အနေဖြင့် ဒီလိုမျိုးတွေ လုပ်မနေသင့်ဘူးလေ။

ဝေ့ဒါကတော့ သည်းမခံနိုင်တဲ့အဆုံးမှာ သူ့ဖုန်းနံပါတ်ကို ပြောင်းပစ်လိုက်သည်။

နောက်ဆုံးမှာတော့ လွီနင်လည်း ဒီကမောက်ကမအခြေအနေကနေ လက်ရှိအဖြစ်မှန်တွေကို နားလည်လာခဲ့သည်။ လအနည်းငယ်ကုန်ဆုံးသွားချိန်တွင်တော့ သူတို့မှာ အချိန်တွေအများကြီးမကျန်တော့သလို ငွေ​ကြေးလည်း အများကြီးမရှိတော့ပေ။

ဆေးရုံက သူ့ကိုနစ်နာကြေးနည်းနည်းပေးခဲ့ပေမယ့်လည်း မလုံလောက်ချေ။ သူတို့အသက်ရှင်နေထိုင်ဖို့ရန်က ဆေးကုသစရိတ်တစ်ခုတည်း လိုအပ်တာမှမဟုတ်တာ။

လွီနင်မှာလည်း ကြီးမားသော အ​​ကြပ်အတည်းတစ်ခုရှိနေသည်။ ဆေးရုံကနေ အမြန်ဆုံး နစ်နာကြေးပေးဖို့ရန် မျှော်လင့်နေပေမယ့်လည်း အဆက်အသွယ်ပြတ်တာ ကြာနေတာကြောင့် သူ့အရင်လုပ်ဖော်ကိုင်ဖက်တွေနှင့်လည်း ပြန်မတွေ့ချင်တော့။

ဝေ့ဒါအလုပ်က ဒီနေ့လည်း မပြီးသေးတာကြောင့်
နစ်နာကြေးတောင်းရမည့်ကိစ္စကို ယခင်နေ့တွေလိုပဲ ဆိုင်းငံ့လိုက်ရပြန်သည်။

" ကိုကို ကျွန်တော့်မှတ်ပုံတင်ကဒ်ကို မမြင်ဖူးဘူးမဟုတ်လား။ "
ဝေ့ဒါက ရုတ်တရက် ညစာစားရင်း မေးလာ၏။

" အရင်တစ်ခေါက်က ပြဖူးတယ်မလား။ "

" ကိုကို သေချာမကြည့်ရသေးဘူးလေ။ "
ဝေ့ဒါက အံဆွဲထဲက မှတ်ပုံတင်ကိုထုတ်ပြီး လွီနင့်လက်ထဲ ထည့်​ပေးလိုက်သည်။

လွီနင် ယောင်တောင်တောင်နှင့် ဝေ့ဒါမှတ်ပုံတင်ကိုယူကြည့်လိုက်သည်။ ဓာတ်ပုံက အနည်းငယ်ဝါးနေပေမယ့်လည်း ချောမောသည့် ကောင်လေးတစ်ယောက်ဆိုတာတော့ သိသာနေသည်။ လွီနင် အောက်ကိုနှိမ့်လိုက်ပြီး ဝေ့ဒါ၏ မှတ်ပုံတင်က မွေးသဣရာဇ်ကို  ကြည့်နေတာကိုမြင်တော့ ဝေ့ဒါက မျက်လုံးတွေမှေးကျဥ်းသွားသည်အထိ နှစ်နှစ်ခြိုက်ခြိုက် ပြုံး​ပြလာသည်။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now