Chapter 3

4.9K 849 6
                                    

Unicode

ရဲစခန်းရောက်တော့ ရဲသားလေးက လွီနင့် ပိုက်ဆံအိတ်ကို ပြပြီး မေးမြန်းနေလေသည်။

လွီနင်လည်း သူ့ဘေးက သက်လတ်ပိုင်းအရွယ် ရဲအုပ်ဆူတာခံနေရတဲ့ သူခိုးကို ကြည့်လိုက်သည်။ သူခိုးက အသက် ဆယ့်ခြောက် ဆယ့်ခုနစ်လောက်ပဲ ရှိသေးသော်လည်း ရဲအုပ်ကြီးရဲ့ အပြစ်တင်စကားတွေအရ ပုံမှန်ပြစ်မှု ကျူးလွန်နေကြ ရာဇဝတ်သားတစ်ယောက်ဖြစ်ပုံပေါ်သည်။ သူက အပြာရောင်ချည်ထည်ကိုပဲ ဝတ်ဆင်ထားပြီး သူ့လက်ကောက်ဝတ်တွေကတော့  ချုပ်နှောင်ခံထားရလေသည်။ သူက ခုံပေါ်မှာ ပျင်းရိစွာ ထိုင်ကာ ရဲသား၏ ဆူပူမှုကို မရေးမစိုက်သလို ခေါင်းငုံ့ကာ နားထောင်နေသည်။

လွီနင်ကြည့်နေတာကိုသိတော့ ကောင်လေးက ခေါင်းကိုမော့ပြီး လွီနင်မျက်လုံးတွေကို ပွင့်ပွင့်လင်းလင်းပဲ စိုက်ကြည့်လာသည်။

လွီနင် ကောင်လေးကို သတိပြုမိသည်။ သူဒီကောင်လေးနဲ့  လွန်ခဲ့တဲ့ ရက်အနည်းငယ်က မတော်တဆ အကြိမ်များစွာ ဆုံခဲ့ဖူးသည်။ သူကအမြဲတမ်း အပြာရောင် ချည်ထည်ကို ဝတ်ထားတတ်ပြီး သဘာဝကျကျပဲ ပေါ့ပေါ့ပါးပါး မတ်တပ်ရပ်နေတတ်သည်။ ဒီနေ့လည်း ထပ်တွေ့ပြန်ပြီ.......

ကောင်လေးက လူချမ်းသာမဟုတ်လောက်ဘူး။ သူတစ်ခုခု ခိုးချင်ရင် ရက်နည်းနည်းလောက်တောင် ကြိုပြင်ဆင်ရန် မလိုဘူးလေ။

အရင်က ကြုံခဲ့တဲ့ များပြားလှသော တိုက်ဆိုင်မှုတွေက လွီနင်ကို စိတ်အနှောင့်အယှက်နည်းနည်း ဖြစ်စေသည်။

ရဲသားလေးပြန်လာတာကို စောင့်နေရင်း လွီနင် ကောင်လေး၏ လက်ကောက်ဝတ်ကို စိုက်ကြည့်ရင်း တွေးနေမိသည်။ သူခိုးတွေက ရုတ်တရက် လူမိသွားရင် သူ့တို့ကိုယ်သူတို့ ကာကွယ်ဖို့ ဓားဆောင်တတ်တယ်လို့ သူကြားဖူးသည်။ ဒါပေမယ့် လွီနင် ကောင်လေးလက်ကို ဖမ်းဆွဲလိုက်တော့ ဘာတစ်ခုမှ မခုခံခဲ့ပေ။ သူက လွီနင်ကို ဘာမှတောင် ပြန်မပြောခဲ့။ ဒီလိုတိတ်ဆိတ်နေတဲ့ အမူအယာက နာခံတတ်တဲ့ ကလေးလေးလိုပဲ။

ရဲသားလေးက စာရင်းစာရွက်ကို လှမ်းပေးလျက်
" ဒီပြစ်မှုမှတ်တမ်းကို ဖြည့်ပေးပါ။"

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now