Chapter 33

2.9K 455 4
                                    

Unicode

ဒါက ဆေးရုံကနေ ဆရာဝန်တွေကို ပညာတော်သင်စေလွှတ်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ထွက်ခွာရမည့်နေ့မှာ ဆေးရုံကနေ ဂုဏ်ပြုပွဲတစ်ခုကျင်းပပေးပြီး ဆရာဝန်တွေကိုဘူတာရုံသို့ ​လိုက်ပို့ပေးဖို့ ကားတစ်စီး ကြိုငှားပေးထားသည်။ ကားပေါ်က လူတစ်ဒါဇင်လောက်ကသာ ပညာတော်သင်သွားမယ့်လူတွေဖြစ်ကြပြီး ကျန်လူတွေကတော့ ဆေးရုံက လုပ်ဖော်ကိုင်ဖက်တွေနှင့် အိမ်က လိုက်ပို့သူတွေဖြစ်ကြသည်။

အများစုက ဘူတာရုံထဲကို တန်းသွားကြပေမယ့် တစ်ချို့ကတော့ ခရီးဆောင်အိတ်တွေကို ကားထဲသွင်းရင်း စကားရပ်ပြော နှုတ်ဆက်နေကြလေသည်။

ငှားထားသည့်ကားကလည်း ဘူတာရုံနားကပဲ ဖြစ်သည်။ ရထားချိန်ထက် နာရီဝက်စောပြီး ဘူတာရုံသို့ ဝင်လာခဲ့ကြသည်။ လူအနည်းစုကတော့ ကားထဲက မဆင်းသေးဘဲ လုပ်ဖော်ကိုင်ဖက်တွေနှင့် စကားပြောနေကြဆဲပင်။

လွီနင်က ဒီလိုလူအများကြီးကိုကြည့်ပြီး အတော်လေး သဘောကျ ကျေနပ်နေမိသည်။ တက္ကသိုလ်တက်တုန်းကဆို သူ့ကိုလိုက်ပို့တဲ့လူက များများစားစားမရှိခဲ့ပေ။

စီနီယာအစ်ကိုက ဝမ်းမြောက်ဝမ်းသာဖြင့် ဆိုလာသည်။

" လွီနင် နောက်တစ်ခါ မင်းပြန်ရောက်လာရင် လုံးဝကိုပြောင်းလဲသွားတော့မှာ။ ရက်ပိုင်းလောက် အလုပ်လုပ်​ပြီးရင် မင်းသိလာလိမ့်မယ်။ မင်းသွားရင်တော့ ငါတို့တွေထပ်ပြီး အလုပ်ရှုပ်ကြတော့မှာပဲ "

ထို့နောက် သူက လျိုကျင်းကို တစ်ချက်ခိုးကြည့်လိုက်ရင်း " အဆင်ပြေကြပါစေ " လို့လည်း ပြောလိုက်သေးသည်။

ဆရာဝန်တစ်သိုက်ကလည်း လွီနင်နှင့် လျိုကျင်း အတူရပ်နေကြတာကိုမြင်တော့ သူတို့​ဘေးက​လူတိုင်းက သူတို့ကို လာမရှူပ်ကြတော့ပေ။ 

ပတ်ဝန်းကျင်က နည်းနည်းတော့ ကသိကအောက်နိုင်နေသည်။ ရုတ်တရက် ကားပေါ်ကို တက်မယ့်လူတစ်စုကလည်း ကားတံခါးကိုဖွင့်ကာ ဝင်တိုက်သွားကြသည်။ 

" လမ်းကိုပိတ်မထားပါနဲ့။ နည်းနည်းလောက်ဖယ်​ပေးကြဦး "

ကားတံခါးပေါက်မှာ ရပ်နေသည့် လွီနင်က လျိုကျင်းကို ဘေးသို့ ဆွဲခေါ်ပေးလိုက်ရ၏။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now