Chapter 17

3.3K 610 4
                                    

Unicode

ဝေ့ဒါ အိပ်ရာကနိုးလာတော့ လွီနင်အ်ိပ်ပျော်​နေတုန်းပင် ရှိသေးသည်။ စားပွဲပေါ်တွင်လည်း အရင်ရက်တွေကဲ့သို့ မနက်စာရှိမနေပေ။ ဝေ့ဒါ လွီနင်က်ို ထူးဆန်းစွာ ကြည့်လိုက်သည်။

" ကိုကို "

ပြန်ထူးသံမကြားရပေ။

ဝေ့ဒါ လွီနင်ဆီ သွား​​ကြည့်လိုက်ချိန် သူ့မျက်လုံးတွေ မှိတ်ထားတုန်းဆိုတာ တွေ့ရသည်။ ဒါပေမယ့် ချက်ချင်းပဲ မျက်ခွံတွေက မသိမသာ လှုပ်သွားပြီး လွီနင်နိုးလာသည်။

ဝေ့ဒါ အနားတိုးပြီး နဖူးကို ထိကြည့်လိုက်သည်။

" နေမကောင်းလို့လား။ "

လွီနင် မျက်လုံးတွေကို ဖွင့်ကာ ပွတ်သပ်ပြီး အိပ်ရာပေါ် ထထိုင်လိုက်သည်။

" အာ... မင်းနိုးနေပြီလား။ "

" နေကောင်းရဲ့လား။ "

" ကောင်းပါတယ်။ နောက်တောင်ကျနေပြီပဲ။ "

"ခဏနေ အလုပ်ချိန်ရောက်တော့မှာ။ ကိုကို နောက်ကျနေပြီ။ "

" ဟမ် …"
လွီနင် နှိုးစက်ပေးထားသည့် နာရီကို လှမ်းကြည့်ပြီး အလန့်တကြား ဆိုလေသည်။
" အချိန်ကျတော့မှာပဲ။ "

ထို့နောက် လွီနင် အလောတကြီး အဝတ်ကောက်လဲကာ ဆံပင်ကိုဖီးပြီး အိတ်ကို လွယ်လိုက်သည်။

" ငါ မနက်စာ မဝယ်တော့ဘူးနော်။ ဒီနေ့တော့ အပြင်မှာပဲ ဝယ်စားလိုက်တော့။ "

" အင်း "

" ဒါဆို ငါသွားပြီနော်။ "

"Bye bye."

သူ ပုံမှန်အတိုင်းပဲ ထွက်လာကာ အိမ်နီးချင်းတွေကိုလည်း ပုံမှန်အတိုင်းပဲ နှုတ်ဆက်ခဲ့သည်။ အရင်ရက်တွေလို လူနေရပ်ကွက်တွေကို ဖြတ်လျှောက်ခဲ့သလို အရင်ရက်တွေလိုပဲ ဘတ်စ်ကားစီးခဲ့ပေမယ့် ရုတ်တရက် သူဘယ်ကိုသွားရမှန်းမသိတော့။

HIV ပိုး ဆေးစစ်ချက်က ခြောက်ပတ်ကြာအောင် စောင့်ရမှာဖြစ်ပြီး ဆေးရုံကလည်း သူ့က်ို လစာပေးခွင့် ပေးထားသည်။

ကားထဲတွင် လူအုပ်ကြီးနှင့် ပြည့်နေသည်။ လူတွေက တက်လာလိုက် ဆင်းသွားလိုက်နှင့် ကားတစ်စီးလုံး ကျပ်ညပ်တိုးဝှေ့နေ​ကြတာကြောင့် သူ့လက်မောင်းက ဒဏ်ရာက နာလာသည်။

Nowhere to Go (Myanmar Translation) ✔️Donde viven las historias. Descúbrelo ahora