Chapter 14

3.6K 647 17
                                    

Unicode

ဝေ့ဒါက ကွန်ပျူတာယူပြီး အခန်းထဲကို ဝင်သွားသည်။ မူလက လူနှစ်ယောက်စကားပြောသံတွေနှင့်ပြည့်နေသော အိမ်က အခုတော့ ဘာအသံမှ မကြားရတော့။

လွီနင်က အရာရာကို အလေးထားတတ်သူတစ်ယောက်မဟုတ်ပေမယ့် ဒီလိုအခြေအနေမျိုးကိုလည်း တစ်ခါမှ မကြုံဖူးခဲ့။ နေ့တ်ိုင်း သူ့မှာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေပေမယ့် သူ့စိတ်ထဲမှာတော့ အတွေးပေါင်းစုံဖြင့် ပရမ်းပတာတွေဖြစ်နေသည်။ အခုလည်း ဝေ့ဒါက ထွက်သွားပြီး သူ့ကိုတစ်ညလုံး မမြင်ရသည့်အတွက် တိတ်တိတ်လေး ကျိတ်ဝမ်းသာနေမိသည်။

လွီနင် ဘယ်​လောက်ပင် ကြိုးစားပါစေ သူ ဝေ့ဒါအတွေးတွေကို လုံးဝနားမလည်နိုင်ချေ။

ဝေ့ဒါက မတူညီတဲ့ရှုထောင့်ပေါင်းစုံရှိသော လူတစ်ယောက်နှင့်တူသည်။ သူ့မျက်နှာပေါ် အမျိုးမျိုးသော မျက်နှာအမူအရာတွေကို ပြတတ်သည်။ ဒီအမူအရာတွေကို ကြည့်ရုံလေးနှင့် သူ့ရဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုနှင့် အမုန်းတရားတွေကို မင်းတို့မြင်နိုင်မှာ မဟုတ်ဘူး။

သူ့အသွင်အပြင်က အထီးကျန်နေပေမယ့် သူကိုယ်တိုင်ကလည်း ဘယ်အရာကိုမှ ဂရုမစ်ိုက်တတ်ပေ။

ညနေစောင်းတော့ လွီနင် အိပ်ပျော်သွားသည်။ ညပိုင်းသူနိုးလာတော့ တံခါးအောက်နားလေးကနေ မီးလင်းနေတုန်းပဲ။ သူတံခါးကို တွန်းဖွင့်ကြည့်လိုက်တော့ ဝေ့ဒါက ကွန်ပျူတာရှေ့မှာ အိပ်ပျော်နေတာကို ​တွေ့လိုက်ရသည်။ မော်နီတာပေါ်က ပရိုဂရမ်ကလည်း တစ်ဝက်တစ်ပျက် edit လုပ်ထားပြီး စားပွဲပေါ်က ပုံနှိပ်စာအုပ်ကလည်း လှန်ထားတာ အတော်လေးကြာနေသေးပုံပင်။

သူ ဝေ့ဒါကို ဘာဖြစ်ချင်လဲ ဘာကိုသင်ချင်လဲလို့ မေးခဲ့ဖူးသည်။ သူက ပြန်မဖြေကြားခဲ့ပေမယ့် ကွန်ပျူတာကိုသာ သင်ကြားခဲ့သည်။ သူက အရမ်းတော်သလို အရမ်းလည်းကြိုးစားသည်။ အရာရာကို အတတ်မြန်သလို ကျွမ်းလည်းကျွမ်းကျင်သည်။ သို့သော် ဒါက သူလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ၊ သင်ယူနေသည့် ပညာရပ်တွေကို သဘောကျတယ်လို့တော့ မဆိုနိုင်ပေ။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now