Chapter 16

3.3K 583 12
                                    

Unicode

ရာသီဥတုက စတင်ပူနွေးလာပြီး ဆေးရုံပန်းခြံထဲက မြက်ပင်တွေကလည်း တစ်ပုံတစ်ပင် ကြီးထွားလာကြသည်။ လွီနင်အလုပ်လာတိုင်း ထိုအပင်လေးတွေကို မကြည့်ဘဲမနေနိုင်ပေ။ သူတို့က အဆုံးအဆမဲ့သော စွမ်းအားတွေကိုထုတ်လွှတ်နေကြသည်။ ဒါက အပင်ပေါက်လေးတွေ ဆိုပေမယ့်လည်း ဒီအချိန်ရောက်တိုင်း ဒီအပင်ပေါက်လေးတွေကိုပဲ လွီနင် သဘောကျမိတတ်သည်။

" လွီနင် မင်းကြားပြီးပြီလား။ "
လူနာပါးသွားချိန်ရောက်တော့ စီနီယာက ကြွေခွက်တစ်ခုလှမ်းပေးကာ ဆိုလာသည်။
" အစ်ကိုတို့ ဆေးရုံက အသက်ငယ်သေးတဲ့ ဆရာဝန်လေးတွေကို ​ရွှေးချယ်ပြီး ပညာတော်သင်လွှတ်မယ်လို့ ကြားမိလို့။  "

" ပညာသင်...အစ်က်ိုရော ဘယ်မှာကျလဲ။ "

" အပြင်ကျောင်းတစ်ကျောင်ပဲ။ ဆေးရုံခွဲတစ်ခုရှိတဲ့ တက္ကသိုလ်လားမသိလား။ ဘာပဲဖြစ်ဖြစ် ကိုယ်တို့လုပ်နိုင်မှာပါ။ ကိုယ်တို့ဌာနမှာ ဒီလိုအခွင့်အရေးတွေရှိတော့ ကိုယ်တော့ ကျေနပ်တယ်။ "

လွီနင် ပြုံးလိုက်သည်။
" အားလုံးက ခွဲစိတ်တတ်ရမှာလား။ "

" မလိုပါဘူးကွာ။ ဒါပေမယ့်လည်း တက္ကသိုလ်အဆင့်လောက်တော့ ဖြစ်ရမှာပေါ့။ မင်းမှာသာ အခွင့်အရေးရလာရင် ဖမ်းဆုပ်ထားလိုက်။ ပညာတော်သင်ကာလသာပြီးသွားရင် အခုထက်ပိုပြီး တိုးတက်လာကြမှာ။  "

ပညာတော်သင် ...  လွီနင်ပြုံးလိုက်သည်။  သူ တက္ကသိုလ်တုန်းက တစ်ခြားလူတွေထက် အများကြီးပိုကြိုးစားခဲ့ပေမယ့်လည်း အလုပ်ရတော့ သူအားယားနေတယ်လို့ ခံစားရသည်။ 

သူတို့သာ အခုပညာသင် ပါခဲ့လျှင် လစာလည်း ရနေပြီး အရမ်းကြီး အပင်ပန်းခံစရာလည်း မလိုတော့သလို ကျောင်းသားဘဝကိုတောင် ပြန်ဖြတ်သန်းနိုင်သေးသည်။

သို့သော် ဒါက စိတ်ကူးယဥ်အတွေးသာ။ သူမှာ သွားလို့မဖြစ်သည့် အကြောင်းတွေ အများကြီးရှိသည်။ ဒါက အခွင့်အရေးဆိုလျှင်တောင် သူလက်လျှော့ရမှာပဲ။

အရေးကြီးဆုံးအချက်ကတော့ ဝေ့ဒါပေါ့။

သူက မကြာသေးခင်ကတည်းက ပုံမှန်လို​ပြန်ပြုမူနေသော်လည်း ဒါက စိတ်တည်ငြိမ်အေးဆေးချင်ယောင်ဆောင်နေတာလားဆိုတာ ဘယ်သူသိနိုင်မှာလဲ။

ကိစ္စတွေအားလုံးကို ဖြေရှင်းပြီးသွားတော့ အစပိုင်းက ထိတ်လန့်မှုတွေလည်း အတော်အတန် သက်သာသွားပြီလို့ လွီနင်ထင်သည်။

Nowhere to Go (Myanmar Translation) ✔️Opowieści tętniące życiem. Odkryj je teraz