Chapter 20

3.8K 640 20
                                    

Unicode

လောကကြီးက တစ်ဖန်ပြန်လည် ဆူညံလာကာ နံနက်ခင်းနေရောင်ခြည်ကလည်း ခန်းဆီးကြားမှတစ်ဆင့် တိတ်ဆိတ်နေသော အခန်းလေးထဲသို့ ဖြာကျလာနေသည်။

နောက်ဆုံးမှာတော့ တစ်ချိန်လုံးထိန်းချုပ်ထားခဲ့ရသည့် ခံစားချက်တွေကို ဖွင့်ထုတ်ပြီးနောက်မှာ လွီနင်တစ်ယောက် မောမောပန်းပန်းဖြင့် အိပ်မောကျသွားခဲ့၏။ အအိပ်အစားမမှန်ဘဲ စိတ်ဖိစီးမှုတွေကို တစ်လလောက် ခံစားပြီးချိန်တွင်တော့ သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ခဲ့ပြီ။

ဝေ့ဒါ မနက်ခင်းအစောကြီး အိပ်ရာနိုးလာခဲ့သည်။ သူဘာမှမလှုပ်ရှားဘဲ အိပ်မောကျနေသော လွီနင်မျက်နှာလေးကိုသာ တိတ်တဆိတ်ကြည့်နေမိသည်။

ထိုလူက ကောင်းကောင်းအိပ်မပျော်သလိုနှင့် မသိမသာ မျက်မှောင်ကြုတ်သွားသည်။ သူနားနားက ဆံပင်တွေက မျက်ရည်တွေနှင့်စိုနေပြီး တစ်ပင်နှင့်တစ်ပင် ပူးကပ်နေလေသည်။

သူအိပ်ပျော်နေတာကို ဝေ့ဒါ အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးသည်။ အတိတ်တုန်းကဆိုလျှင်
သူအ​မြဲတမ်း ချောင်းကြည့်ခဲ့ဖူးပြီး ယခုကဲ့သို့ သူ့နှလုံးသားက ဘယ်တုန်းကမှ တည်ငြိမ်မှုမရှိခဲ့ပေ။ ဝေ့ဒါ မထိန်းနိုင်တော့ဘဲ သူ့ရှေ့က လူသားလေးကို ငုံ့နမ်းလိုက်သည်။ လွီနင့်နားတွေက စိုစွတ်ကာ အေးနေဆဲပင်။ ဝေ့ဒါ အနားတိုးကာ ဖက်ထားပေးလိုက်သည်။

နှောင့်ယှက်ခံလိုက်ရတာကြောင့် လွီနင်၏ မျက်ခွံများက လှုပ်ရှားသွားကာ ကိုယ်ကို ​ရွှေ့လိုက်ပေမယ့် နိုးမလာခဲ့ချေ။

ထိုမြင်ကွင်းက လှပသလောက် အစစ်အမှန်လည်း မဟုတ်သလိုပင်။ ဝေ့ဒါ လွီနင်ကို သူ့လက်မောင်း​တွေထဲသို့ ပြန်သွင်းကာ တစ်ဖက်လူ၏ အနွေးဓာတ်ကို ခံစားနေလိုက်သည်။

ပြတင်းပေါက်အပြင်ဘက်က အလင်းရောင်က ပိုမို တောက်ပလာသည်။ သူ ဒီပုံစံတိုင်း အချိန်ဘယ်လောက်ကြာအောင် နေခဲ့မိလဲဆိုတာ ဝေ့ဒါမသိတော့။ သူ့လက်မောင်းတွေ နည်းနည်းကျင်လာသည်။ သူမနေ့ကတည်းက တစ်နေ့လုံး ဘာမှမစားရသေးသော်လည်း ဗိုက်မဆာပေ။

Nowhere to Go (Myanmar Translation) ✔️Onde as histórias ganham vida. Descobre agora