Chapter 4

4.9K 798 13
                                    

Unicode

ကလေးကို အနိုင်ကျင့်တာက တိုက်ဆိုင်မှုတစ်ခုသာ။

ထိုအချိန်တုန်းက လွီနင်အဖေရဲ့ ရောဂါက နောက်ဆုံးအဆင့်အထိ ရောက်နေခဲ့ပြီ။ အထက်တန်းကျောင်း တတိယနှစ်တက်နေရတာတောင်မှ လွီနင် ဆေးရုံကို နေ့တိုင်းနီးပါး သွားကာပြုစုပေးရသည်။

ထိုနေ့က သူအိမ်ကို အဝတ်အစားလဲရန် ပြန်လာခဲ့ပေမယ့် သူ့မိထွေးက သူ့သားကို ခါးပတ်နဲ့ ရိုက်နေတာကို တွေ့ခဲ့ရသည်။ သူဘာပြောရမှန်း မသိတာကြောင့် ရိုးရိုးရှင်းရှင်းပဲ ကြမ်းတမ်းတဲ့ စကားလုံးတွေသုံးပြီး အော်လိုက်သည်။

ကောင်လေးက ခုလည်း မခုခံသလို ပုန်းလည်း ပုန်းမနေခဲ့ပေ။ သူက သူ့အမေက်ို သနားစရာကောင်းစွာ အားနည်းတဲ့ အသံလေးနဲ့ ရပ်ရန်ပြောနေပြီး အနည်းငယ် ရှိုက်ငိုကာ ဘောလုံးတစ်လုံးလို ကိုယ်ကိုကွေးကာနေလေသည်။

လွီနင်က ကလေးသူငယ်တွေကို အနိုင်ကျင့်တာ သူ့ပတ်ဝန်းကျင်မှာ မရှိနိုင်ဘူးလို့ အမြဲထင်နေခဲ့သည်။ ဒါကို သတင်းစာနှင့် ရုပ်မြင်သံကြားတွေထဲတွင်သာ တွေ့ခဲ့ဖူးသည်။ သူ့မျက်လုံးနှင့် ကိုယ်တိုင်တွေ့တော့ သူ့မျက်လုံးက်ိုတောင် မယုံကြည်နိုင်တော့။

"ခင်ဗျား ဘာလုပ်နေတာလဲ!"

လွီနင် လျှင်မြန်စွာ ပြေးသွားပြီ ခါးပတ်ကို ဆွဲယူကာ ကောင်လေးကို ကာလိုက်သည်။

လွီနင့်မိထွေးက လွီနင် ရုတ်တရက်ပြန်လာလိမ့်မယ်လို့ မျှော်လင့်မထားပေ။ သူမက တုန်လှုပ်သွားပြီး ရှင်းပြသည်။

" ငါမဟုတ်ဘူး.... သူက... သူက.... ပန်းကန်ကိုလည်း ခွဲပစ်တယ်... အတန်းထဲမှာလည်း ရန်ဖြစ်ခဲ့တယ်"

လွီနင် မကြားချင်ယောင်ဆောင်ကာ ကောင်လေးကို အခန်းထဲ ဆွဲသွင်းပြီး တံခါးပိတ်ကာ ကောင်လေးရင်ဘတ်ပေါ်က ဒဏ်ရာတွေကို ငုံ့ကြည့်လိုက်သည်။

သူ့မိထွေးရဲ့ ​အရူးလိုလုပ်ရပ်အပေါ် ဒေါသကြောင့်လား ကြောက်ရွံမှုကြောင့်လား မသေချာပေမယ့် လွီနင်ရဲ့ လက်တွေက ပြင်းပြင်းထန်ထန်ပဲ တုန်ရင်နေတာကြောင့် ကောင်လေးရဲ့ အင်္ကျီကို ချွတ်ပေးရန် အကြိမ်များစွာ ကြိုးစားလိုက်ရသည်။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now