Chapter 24

2.9K 515 4
                                    

Unicode

လွီနင် ရေချိုးခန်းကြမ်းပြင်ပေါ်တွင် ထိုင်လျှက် သူ့မျက်နှာကို လက်မောင်းတွေကြားမှာ ဖွက်ထားလေသည်။

လွီနင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နာကျင်စေလိုစိတ်မရှ်ိသော ရိုးသားဖြူစင်သည့် လူတစ်ယောက်ဖြစ်ပြီး သူနာကျင်အောင်ပြုလုပ်မိသူကလည်း ဝေ့ဒါဖြစ်နေသည်။

" ကိုကို အဆင်ပြေသွားမှာပါ။ "

လွီနင်၏ ကြေကွဲဝမ်းနည်းနေသော အမူအရာကိုမြင်လိုက်ရတော့ ဝေ့ဒါပျာယာခတ်သွာသည်။ သူ လွီနင်ရှေ့မှာ ထိုင်ချလိုက်ပြီး နုညံ့စွာ ပြောလိုက်သည်။

" ကျွန်တော် ဘာတွေပဲဖြစ်လာဖြစ်လာ ဂရုမစိုက်ဘူးလို့ ပြောနေတယ်လေ။ "

လွီနင်သူ့ခေါင်းကို မော့လာတော့ သူနှုတ်ခမ်းပါးက တုန်ယင်နေကာ ဘာစကားတစ်ခွန်းမှ ထွက်မလာနိုင်တော့ပေ။ ယခုလက်ရှိ သူ့ခံစားချက်တွေကိုလည်း မည်သည့်စကားလုံးကိုမှ သုံးပြီးဖော်ပြဖို့ရန် မစွမ်းနိုင်ပေ။ ပြောချင်သည့် စကားလုံးတွေကို မျိုသိပ်လိုက်ရတာကြောင့် သူ့လည်ဇလုပ်က ထက်အောက်လှုပ်ရှားသွားလေသည်။

" ကျွန်တော် အားလုံးကို ဂရုမစိုက်ဘူး။ "

ဝေ့ဒါကိုယ်ကိုကိုင်းကာ လွီနင်၏ လည်ဇလုပ်ကို ဖွဖွလေးကိုက်လိုက်သည်။

" ကျွန်တော်ဘေးမှာ ကိုကိုက အမြဲတမ်းရှိနေပေး။ ကိုကိုရှိနေသရွေ့ ဘာမှမလိုအပ်တော့ဘူး။ "

ဝေ့ဒါ လွီနင့်ရင်ခွင်အတွင်းသို့ တိုးဝင်ဖက်လိုက်ကာ လွီနင့်မေးစေ့ကို သူဆံပင်တွေနှင့် ပွတ်သပ်လိုက်သည်။

ရုတ်တရက် လွီနင် ချစ်စရာကြောင်လေးတစ်ကောင်က သူ့ကိုလာနှစ်သိမ့်ပေးသလို ခံစားလိုက်ရသည်။ သူ့ညီလေးက သူကိုယ်တိုင် ရောဂါကူးစက်ခံထားရသည့်တိုင် သူ့ကိုနှစ်သိမ့်အားပေးနေလေသည်။

" ကိုကို့ကို ချစ်တယ်။ "
ဝေ့ဒါ လွီနင်ကို နမ်းလိုက်လေသည်။

လွီနင် အကြိမ်ကြိမ် အခါခါ စိတ်ရှုပ်စရာမျိုးစုံနှင့် ကြုံကြိုက်ခဲ့ပေမယ့်လည်း ယခုကဲ့သို့ နှလုံးသားက နာကျင်လာတဲ့အထိ ဘယ်သောအခါမှ မခံစားခဲ့ရဖူးပေ။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now