Chapter 34

3.2K 497 13
                                    

Unicode

"Ring…"

" ဒီ case က အတော်လေးထူးခြားတယ်။ သေချာပြန်ကြည့်ထားကြနော်။ "
ပရော်ဖက်ဆာက သူ့စာအုပ်တွေကိုသိမ်းပြီး စာသင်ခန်းထဲကနေ ထွက်သွားပြီဖြစ်သည်။

သူတို့တွေလည်း ပရော်ဖက်ဆာစကားကိုကြားတာနဲ့ အပြေးအလွှား သူတို့စာအုပ်တွေကို လှန်လှောကြည့်ကြရသည်။ အချိန်ခဏလောက်ရှာဖွေအပြီးမှာတော့ သူ့တို့တွေဘေးက အတန်းဖော်တွေအချင်းချင်း ခေါင်းချင်းဆိုင်ကာ နားကြည်းခါးသီးနေကြသောအမူအရာတွေနှင့် ဆွေးနွေးကြလေသည်။ 

" ဆိုးရွားလိုက်တာကွာ။ အဲ့လို case မျိုးစာအုပ်ထဲမှာလည်းမရှိဘဲနဲ့။ ငါသေချာမကြားလိုက်ရတာများ။ သူ ဘယ်ဆေးအကြောင်းကို ပြောသွားတာလဲ။ "

" ငါကို လာမမေးနဲ့ လွီနင်ကတော့ အာရုံစိုက်ပြီးနားထောင်နေတာ ... မှတ်စုတွေတောင်ယူလိုက်သေးတယ်။ ဟေ့... လွီနင်... ခုနက ဆရာပြောသွားတာ ဘယ်ဆေးအကြောင်းလဲ။ "

တံခါး​ပေါက်နားတောင်ရောက်နေပြီးဖြစ်နေပြီးဖြစ်သော လူတစ်ယောက်က ဖုန်းပြောတာကိုရပ်ပြီး သူတို့ဘက်သို့ ပြန်လှည့်ကြည့်လာပြီး ခပ်ဖွဖွ ပြုံးပြကာ ဆိုလာသည်။ 

" ချီဖုရေ...ခဏနော် "

" ဘာဖြစ်လို့လဲ "
ဖုန်းထဲက စီနီယာ၏အသံက ထွက်ပေါ်လာသည်။

" ဘာမှမဟုတ်ဘူး... ဆက်ပါဦး... က​​လေးက ဘာ​ဖြစ်တာ ။ "

လွီနင် သူ့စာအုပ်တွေကိုပိုက်လျှက် စာသင်ခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။

အခန်းအပြင်ဘက်က နေရောင်​ခြည်က တောက်ပလျှက်ရှိပြီး အတန်းပြီးတာကြောင့် ကန်တင်းဆိုင်သွားတဲ့ကျောင်းသားတွေ၊ အဆောင်ပြန်ကြတဲ့ ကျောင်းသားတွေနှင့် ရှုပ်ယှက်ခက်နေ၏။ သူတို့တွေထဲကတစ်ယောက်က လွီနင်ကို ဝင်တိုက်မိသွားလေသည်။ ထိုကျောင်းသားက လွီနင်ကိုလှည့်ကြည့်လာပြီး တောင်းပန်စကားဆိုသည်။

" ကျွန်တော်တောင်းပန်ပါတယ်... ဆရာ "

" ရပါတယ် "
လွီနင်ပြုံးကာ ပြန်ဖြေလိုက်သည်။

ကျောင်းသားတွေကြားမှာ ရောနှောနေသည့်လွီနင်ဟာ သူတို့တွေထက် အသက်ပိုကြီးမနေပါ။ သူပုံစံက အသက်ကြီးပုံမပေါ်ပေမယ့် ကျောင်းသားတစ်ယောက်ပုံစံနှင့် လုံးဝကို ကွဲပြားနေလေသည်။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now