Chapter 36

3.6K 545 14
                                    

Unicode

လွီနင်သည် လူနာဆောင်အခန်း( ၃၀၉ ) အရှေ့မှာ ရပ်နေမိသည်မှာ အတော်လေးကြာနေပြီ။ တံခါးက ပိတ်ထားပြီး သူ့မှာ တံခါးလက်ကိုင်ကိုကိုင်ဖွင့်ဖို့ရန်ပင် သတ္တိမရှိဘဲ တွန့်ဆုတ်နေမိသည်။

ထိုအချိန်တွင် အခန်းတံခါးကပွင့်သွားပြီး ဆေးရုံဝတ်နှင့်လူနာတစ်ယောက်ထွက်လာသည်။ ထိုလူက လွီနင်ကို ထူးဆန်းသလိုကြည့်လာလေ၏။

" မင်း ဘယ်သူ့ကိုလာရှာတာလဲ။ "

" မရှာပါဘူး "

တံခါးကနေတစ်ဆင့် ကုတင်အစွန်းမှာ အဖြူရောင်စောင်နှင့်လုံးထွေးနေသော လူတစ်ယောက်ကို မြင်နေရသည်။

လွီနင် အတွင်းကမြင်ကွင်းကို မြင်နေရသော်လည်း ရပ်မြဲတိုင်းသာ ရပ်နေမိသည်။

ထိုလူနာက အပြင်ကိုထွက်လာပြီးနောက် တံခါးကိုလှည့်ပိတ်လိုက်၏။

" ကျွန် … ကျွန်တော်က ဝေ့ဒါအစ်ကိုပါ "
ဟု လွီနင်က ပြောလိုက်လေသည်။

" သြော်...မင်းက သူ့အစ်ကိုလား။ "

ထိုလူက တံခါးကို ပြန်ဖွင့်ပေးပြီး
" ဘာလို့ အခုမှသူ့ကို လာတွေ့ရတာလဲ။ သူက သေလုမျောပါး အရိုက်ခံထားရတာ။ အရေးပေါ်ဌာနတောင် ပို့လိုက်ရတယ်လို့ ကြားမိသေးတယ်။ ဝင်သွားလိုက်လေ... ဝေ့ဒါကတော့ အိပ်နေတုန်းရှိသေးတယ်။  "

အစပိုင်းကတော့ သူတို့တွေ တစ်ယောက်နှင့်တစ်ယောက် ဘာကိုမှ ပွင့်ပွင့်လင်းလင်း ဖြေရှင်းဖို့မလိုဟု ထင်ခဲ့သည်။ သို့သော်လည်း သူစိမ်းတစ်ယောက်၏ ဒီလိုဖိတ်ခေါ်တဲ့စကားလေးတစ်ခွန်းကြောင့် လှည့်ပြန်တော့မည့်သူ့ခြေလှမ်းတွေဟာ ဦးတည်ရာပြောင်းလဲခဲ့ရပြီ။

လွီနင်က အမြဲတမ်း အနေတည်ခဲ့သည်။ အလုပ်မှာပဲဖြစ်စေ၊ အချစ်ရေးမှာပဲဖြစ်စေ သူ့ဘက်ကစတဲ့ကိစ္စမျိုးဆိုတာ တစ်ခါမှမရှိခဲ့ပေ။ လျိုကျင်းသည်ပင် သူမဘက်က အရင်ဆုံးစဖွင့်ပြောခဲ့ရသည်။

ဝေ့ဒါအိပ်ပျော်နေတာက သူ့ကို စိတ်သက်သာရာရစေသည်။
လွီနင် လူနာဆောင်အတွင်းသို့ လှမ်းဝင်သွားလိုက်၏။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now