Chapter 10

4.1K 715 18
                                    

Unicode

မိသားစုဆိုတဲ့ စကားလုံးက မင်းပိုင်ဆိုင်တယ်ဆိုလျှင် ထူးခြားမှုမရှိပေမယ့် မင်းဆုံးရှုံးသွားတာနဲ့ ဒီစကားလုံးရဲ့ လှပမှုကို နားလည်လာလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် လွီနင်ကတော့ ဒီလိုပဲယူဆသည်။

ငါးနှစ်တာလုံး ရာသီ​ဥတုအေးတဲ့အခါ အင်္ကျီအပိုယူသွားဖို့ ဘယ်သူမှ မပြောသလို နှစ်သစ်ကူးညစာနဲ့ နှစ်သစ်အကြိုအတွက် ဖက်ထုပ်ပြုတ်ပေးမယ့် သူလည်း မရှိခဲ့။

အရင်က သူ့မှာ မိသားစုရှိခဲ့တာကြောင့် သူတို့မိသားစုလေးက ဘယ်လိုပုံစံလေးဆိုတာ ပြန်တွေးကြည့်ဖို့ပဲ တတ်နိုင်ခဲ့သည်။ ဒီအထီးကျန်ဆန်မှုကမဖော်ပြနိုင်အောင် ဆိုးရွားလွန်းသည်။

ထို့ကြောင့် ဝေ့ဒါကို ရှာတွေ့တော့ လွီနင် အရမ်းကို ပျော်ရွှင်ခဲ့ရသည်။  ဝေ့ဒါကို သူ့အမေက စွန့်ပစ်သွားတာကို သိရတော့ ချက်ချင်းပဲ ဒီကလေးက ကမ္ဘာပေါ်မှာ သူ့ရဲ့တစ်ဦးထဲသော မိသားစုဝင်ပဲလို့ လွီနင်မှတ်ယူခဲ့သည်။ ဒါက လွီနင်၏ အတွေးသက်သက်သာ ဖြစ်မယ်ထင်သည်။

သူတို့နှစ်ယောက်က သွေးသားတော်စပ်မှုမရှိပေမယ့် သံလိုက်၏ အစွန်းနှစ်ဖက်လို ဆန်းပြားတဲ့ ဆက်နွယ်မှုတော့ ရှိနေဆဲပဲ။ သူတို့ကြားမှာ မမြင်နိုင်ပေမယ့် နုညံတဲ့ ဆက်ဆံရေး ရှိခဲ့တာပဲလေ။

ဝေ့ဒါအပေါ် ဘယ်လိုခံစားချက်မျိုးရှိလဲဆိုတာတော့ လွီနင်မသိပေ။ အနိုင်ကျင့်ခံရတဲ့ လူတစ်ယောက်အပေါ် သနားကရုဏာသက်မိတာလား.... မိသားစုဝင်တစ်လောက်မလို့လား....
ဘယ်လိုခံစားချက်မျိုးပဲဖြစ်ဖြစ် ဝေ့ဒါကို သာမန်လူတွေရဲ့ လမ်းကြောင်းကနေ အဝေးကို သွေဖယ်သွားတာမျိုးကို သူလုံးဝ ခွင့်မပြုနိုင်ဘူး။

ဘူတာရုံ၏ ဒုတိယထက်ရှိ ဘိလိယက်အခန်းလေးထဲက ခန်းဆီးစတွေကို မြှောက်တင်ထားသည်။

" မင်း အစ်ကို ထပ်ရောက်နေပြန်ပြီ။ "
ဆံပင်အတိုနှင့်ကောင်လေးက ပြတင်းပေါက်ကိုမှီကာ အပြင်ကို လှမ်းကြည့်လိုက်သည်။
" တစ်ပတ်လောက် ရှိနေပြီနော်..."

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now