Chapter 35

3.3K 538 15
                                    

Unicode

ယခုအချိန်သာမယက လွီနင့်အတွက် သက်တောင့်သက်သာအရှိဆုံး အားလပ်ချိန်ပင်။

အခြားသော အတန်းဖော်တွေက နှစ်သစ်ကူးအားလပ်ရက်မှာ သူတို့မွေးရပ်မြေတွေဆီသို့ ပြန်သွားကြပေမယ့်လည်း လွီနင်ကတော့ နှစ်နှစ်လုံး ကျောင်းမှသာကျန်နေခဲ့သည်။

သူနှင့်အတူ ပညာတော်သင်လာသည့် အတန်းဖော်ကလည်း အခုထိ single ဘဝမှာပဲ ရှိနေဆဲပင်။

"ကျန်ခဲ့တဲ့နှစ်နှစ်တုန်းကဆိုရင် ငါနဲ့ လွီနင် ရည်စားလေးတစ်ယောက်လောက်ရမယ်လို့ ထင်ခဲ့ဖူးတယ်။  "

လွီနင် ဖုန်းမျက်နှာပြင်ပေါ်က စာတွေကိုကြည့်ပြီး တစ်ချက်ပြုံးလိုက်မိသည်။

" မင်းနဲ့ သင့်တော်တဲ့တစ်ယောက်ကို မတွေ့သေးဘူးမလား လွီနင်... "

တစ်ခြားတစ်ယောက်က ကြားထဲကနေ လွီနင့်အစား ပြန်လည်ဖြေကြားပေးလေသည်။

" သူ့အတွက် စိုးရိမ်ပေးမနေနဲ့။ နေ့တိုင်း သူ့ဖုန်းက တတီတီ တတောင်တောင်မြည်နေတာ။ သူကောင်မလေးက အပြင်ကပဲဖြစ်လိမ့်မယ်။  "

ဝေ့ဒါဖုန်းခေါ်ပြီးသည့်နေ့ကစပြီး နေ့တိုင်းစာတွေရနေခဲ့သည်။ " ကိုကို... ပြန်လာတော့မှာလား " လို့မေးရာကနေ " ကိုကို... ပြန်လာပါတော့ " လို့ တောင်းဆိုလာသည်အထိပင်။ သို့ရာတွင် လွီနင်ကတော့ တစ်ခါမှ စာမပြန်ခဲ့ပေ။ ထို့ကြောင့် လွီနင်စာသင်နှစ်ပြီးဆုံးသောလမှာတော့ စာတွေလည်း ရပ်တန့်သွားခဲ့လေသည်။

နှစ်နှစ်ဆိုသောအချိန်ကာလတစ်ခုဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်ဆုံးသွားခဲ့သည်။ လွီနင် ဘူတာရုံအတွင်းမှ ထွက်ခွာလာလိုက်သည်နှင့် မြို့တော်က သူနှင့် အနည်းငယ်စိမ်းသက်နေသလို ခံစားရသည်။  သို့သော်လည်း ရုတ်ခြည်းပဲ လွန်ခဲ့သောသုံးနှစ်က တက္ကသိုလ်ကနေ သူဘွဲ့ယူခဲ့သည့် ပုံရိပ်များ၊ ကျောပေါ်မှာ လွယ်အိတ်တစ်လုံးလွယ်လျှက် ဆေးရုံကိုသွားခဲ့သည့် ပုံရိပ်များကို ပြန်လည်မြင်ယောင်လာမိသည်။

" အစ်ကိုတို့က ဟိုတယ်မှာ တည်းမှာလား။ "
သူတို့ ဝင်ပေါက်က ထွက်လာသည့်ခဏမှာပဲ လမ်းညွှန်တွေ၏ အနှောက်အယှက်တွေနှင့် ကြုံတွေ့ရတော့သည်။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now