Chapter 32.1

2.9K 446 9
                                    

Unicode

လွီနင့်ခေါင်းကို ထိန်းကိုင်ထားသည့် လက်မောင်းတစ်စုံက ထုံလာခိုက်မှာ ဝေ့ဒါ ရုတ်တရက် သူ့အိပ်မက်ကနေ နိုးထလာခဲ့သည်။ သူ့မျက်လုံးတွေကို ဖွင့်လိုက်ချိန်မှာ အတွေးတွေအားလုံးကို ဖြတ်တောက်ပစ်ကာ ချက်ချင်းပဲ သူ့ခေါင်းကို ငုံ့ကြည့်လိုက်၏။

လွီနင်က အိပ်ရာပေါ်မှာ လှဲလျှက် သူ့ကိုစိုက်ကြည့်နေကာ သူ့မျက်လုံးတွေနှင့်ဆုံမိတော့ လွီနင်က အကြည့်လွှဲလိုက်လေသည်။

လွီနင် အခုထိ သူ့အနားမှာ ရှိနေဆဲပဲ။ ဝေ့ဒါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူ့အရှေ့က လွီနင်လက်မှာချည်ထားသော ကြိုးကို သေချာစစ်ဆေးကြည့်လိုက်သည်။ ကြိုး၏ တခြားတစ်ဖက်ကိုတော့ ပြတင်းပေါက်အောက်မှာ ချည်ထားလေသည်။

ရေချိုးကာ အိပ်သာသွားတာအပြင် အိပ်ရာပေါ်မှာ လှဲအိပ်လို့ရသည်အထိ ကြိုးက လုံလုံလောက်လောက်ကို ရှည်ပါသည်။

သုံးရက်လောက်ကြာတော့ ကြိုးချည်ခံထားရသည့်နေရာမှာ ပွန်းပဲ့ရာလေးတွေက ရောင်ရမ်းလို့
လာပေမယ့် လွီနင်ခန္ဓာကိုယ်ကတော့ အရင်ကထက် ပိုကောင်းလို့လာခဲ့လေပြီ။

ဝေ့ဒါက ကိုယ်ကိုကြွပြီး လွီနင့်ကို နမ်းလိုက်သည်။

" ကိုကို ဗိုက်ဆာပြီးလား။ ဘာစားချင်လဲ ဟင်။  "

သူ စကားပြောနေစဥ်မှာ လွီနင်ကသူ့ကို တစ်လျှောက်လုံး ကြည့်နေခဲ့ပေမယ့် စကားသံလည်းဆုံးရော လွီနင်က အကြည့်လွှဲသွားပြန်သည်။ 

ဝေ့ဒါလည်း တိတ်ဆိတ်နေရုံမှတပါး မတတ်နိုင်တော့။ ဖုန်းကိုယူပြီး မှာစားဖို့လုပ်လိုက်ပေမယ့် ပိုက်ဆံမလောက်တော့တာကို တွေ့လိုက်ရ၏။

ပိုက်ဆံရဖို့ ... ဝေ့ဒါ လွီနင့်လက်က ကြိုးကို တစ်ချက်ငဲ့ကြည့်လိုက်ရင်း ပြောလိုက်တယ်။

" ကိုကို ကျွန်တော် စားစရာဝယ်ဖို့ အပြင်ထွက်မလို့ ဘာစားချင်လဲ။ "

"…"

လွီနင် ဘာမှပြန်ဖြေမှာမဟုတ်ဘူးဆိုတာ သူကြိုတင်မှန်းဆထားပြီးသားပင်။ ဝေ့ဒါ သူ့အင်္ကျီကိုကောက်ဝတ်ကာ ဖိနပ်လဲလိုက်သည်။ သူအပြင်ထွက်လိုက်ပြီးနောက် ခဏမျှတုန့်ဆိုင်းရင်း အိမ်ထဲသို့ပြန်ဝင်လာကာ လွီနင်ကို စိုက်ကြည့်လျှက် မေးလိုက်သည်။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now