Chapter 12

3.7K 683 25
                                    

Unicode

စျေးဝယ်စင်တာရှေ့က ဖြတ်သွားချိန် နှစ်သစ်ကူး ပရိုမိုးရှင်း လက်ကမ်းစာစောင်တွေဝေနေတာကိုမြင်မှ နှစ်ကုန်တော့မယ်ဆိုတာကို လွီနင် သတိရသွားသည်။

ဒီနှစ် အချိန်တွေက အကုန်မြန်နေသလ်ိုပင်။

ဝေ့ဒါသင်တန်းတက်နေချိန်ကလည်း နှစ်လကျော်ပြီဖြစ်သလို လွီနင် ဆေးကျောင်းပြီးသွားတာကလည်း ငါးနှစ်ရှိသွားပြီ။ နှစ်လတာဆိုတာ အရမ်းတိုတောင်းလွန်း​ပြီး ဝေ့ဒါ စာအများကြီး မလေ့လာနိုင်လောက်ဘူးလို့ သူအမြဲထင်ခဲ့သည်။ ထို့ကြောင့် ဝေ့ဒါက သူကို ငွေနှစ်ဒေါ်လာပေးလာတော့ လွီနင် အတော်လေးကို စိတ်ပူသွားခဲ့သေးသည်။

" ဒါက... "

လွီနင်၏ စိတ်ရှုပ်ထွေးသွားသော အမူအရာလေးက လူတိုင်းအတွက် သူ့ကို စနောက်ချင်စရာလေးဖြစ်နေသည်။ ဝေ့ဒါက ပြောလိုက်သည်။

" ကိုကို ခန့်မှန်းကြည့်... "

လွီနင် အသစ်ချက်ချွတ် ယွမ်တစ်ရာတန် နှစ်ရွက်ကို ကြည့်လိုက်သည်။

ဒီလိုမျိုး နောက်ပြောင်တာက မနှစ်မြို့စရာပင်။ ဘာဖြစ်လို့လဲဆိုလျှင် ဒါက စနောက်ခံရလို့ နေရခက်နေတဲ့ လူတစ်ယောက်ကို မကောင်းတဲ့အတွေးအခေါ်တွေနှင့် သံသယတွေကိုသာ ဖြစ်ပေါ်စေလို့ပဲ။

ပုံမှန်လူလိုပဲ ဝေ့ဒါကတော့ ဆိုးဆိုးရွားရွား ​တွေးလိုက်မိသည်။ လွီနင်က ပထမဆုံး သူအရင်အလုပ်ကို ပြန်လုပ်နေတယ်လို့ ထင်လိမ့်မယ်လို့​လေ။

ယုံကြည်မှု ပျောက်ဆုံးနေတဲ့လူတွေက ထူးဆန်းသော သတ္တဝါတွေသာ။ သူတ်ို့က လူတစ်ယောက်ကို ပိုဂရုစိုက်လေ စိတ်ပျက်စရာမေးခွန်းတွေနှင့် နှစ်ဦးနှစ်ဖက်လုံးကို ပိုနာကျင်စေလေပဲ။

" မင်း …"
လွီနင် ခဏလောက် စဥ်းစားပြီး ပြန်မေးလိုက်သည်။
"ဒီပိုက်ဆံတွေက မင်းဆရာက ပေးလိုက်တာလား ?"

ဒီထူးဆန်းတဲ့ အဖြေကြောင့် ဝေ့ဒါ အော်ရယ်မိသွားသည်။

လွီနင်ကတော့ လူဆိုးလေးပဲ...

တစ်ခြားသူတွေကို အကောင်းမြင်တတ်တာ သူ့အားနည်းချက်ပဲ။ လွီနင်က သူ့ကိုယ်ပိုင်ကိစ္စတွေကိုတော့ ဆိုးရွားစွာ တွေးခေါ်တတ်ပေမယ့် တခြားသူတွေကိုတော့ အဆိုးဆုံးအခြေအနေကိုတောင် ယောင်လို့ မခန့်မှန်းမပြောဆိုရဲပေ။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now