အခန်း(၃၇)

9.8K 1.8K 84
                                    

伪装学渣
Wei Zhuang Xue Zha



ZAWGYI



Drag Queen


ညနေပိုင်းတွင် ကာယအချိန်လည်းပါနေသေးသောကြောင့် လော်ဝိန်ချန်ကဆိုလိုက်သည်။

"ဆောရီး ၊ တောင်းပန်ပါတယ် ၊ တအားပဲစိတ်တွေလှုပ်ရှားသွားလို့ရယ် ၊ ဒီလိုဆိုငါတို့ ကာယချိန်ကြမှဆက်ဆွေးနွေးကြတာပေါ့ ၊ ပါဝင်ချင်တယ်ဆိုရင် အချိန်မရွေးငါ့ကိုလာရှာလို့ရတယ်နော်။"

ရှဲ့ယွီမှာ အအိပ်ဆတ်သူဖြစ်ရကား တစ်စုံတစ်ယောက်စကားပြောနေသည်ကိုဖြင့် ပြတ်ပြတ်သားသားမကြားရသော်ငြား ဝိုးတဝါးတော့ကြားလို့နေရသည်။

ကျောင်းတက်ခါနီး၌ ဝူကျိန့်သည်လမ်းသင့်နေတာနဲ့ သူတို့အတန်းထဲဝင်ကာ အတန်းကိုယ်စားလှယ်အား စစ်ပြီးသားအိမ်စာတို့ကိုပေးလိုက်တော့သည်။ အတန်းကိုယ်စားလှယ်သည်ကား အိမ်စာဝေလေတိုင်းပစ်ပစ်ပြီးပေးတတ်ပြီး အားပါပါပစ်ပေးတတ်ကာ အခြားသူတွေသူ့ကိုကူဝေပေးမည်အားလည်း မလိုလားချေ။

"ရှဲ့ ၊ ရှဲ့ယွီ. . . . . ."

အတန်းကိုယ်စားလှယ်မှာ နာမည်ကိုဖတ်ပြီးသည်နှင့် ခေါင်းမော့၍ တစ်ချိန်တည်းမှာပဲပစ်မှတ်ရှိရာစီကျောက်ချသွားတော့သည်။

နောက်တစ်စက္ကန့်မှာပင် လေ့ကျင့်ခန်းစာအုပ်သည် ရှဲ့ယွီ၏ခေါင်းဘေးနား၌ကျလို့သွားတော့၏။

". . . . . ."

ရှဲ့ယွီသည် မျက်ဝန်းတို့အားဖွင့်လိုက်မိ၏။

အတန်းကိုယ်စားလှယ်မှာ 'ဆောရီး'ဟု လက်ဟန်ဖြင့်လုပ်ပြလာသည်။ ရှဲ့ယွီသည်ဘာမှလည်းမပြော ၊ ကြည့်လည်းမကြည့်ပါဘဲ လေ့ကျင့်ခန်းစာအုပ်အား အံဆွဲထဲသို့သာထိုးထည့်လိုက်တော့သည်။

အတန်းကိုယ်စားလှယ်သည် ဟယ့်ကျောင်းအားဝေခါနီး၌ တစ်ချက်လှမ်းလို့အော်သည်။

"အစ်ကိုကျောင်း!"

ဟယ့်ကျောင်းသည်လည်း အလိုက်သင့် 'ဘောလုံး'ဖမ်းမယောင် လက်ကိုမြှောက်ကာပြင်လိုက်ရင်း ဖမ်းမိချိန်မှာတော့အင်္ဂလိပ်လိုပင်မှုတ်လိုက်သေးသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now