အခန်း(၈၀)

9.2K 1.8K 200
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE

မင်းကိုမြင်ရတယ်


"အထက်တန်းဒုတိယနှစ် အခန်း(3)ကတော့《x》ဆိုတဲ့အကနဲ့ဖျော်ဖြေမှာဖြစ်ပါတယ်။"

တင်ဆက်သူက ထိုအထိပြောပြီးရုံပင်ရှိသေး စင်အောက်ရှိအခန်း(3)တစ်ခန်းလုံးထံမှ ဟစ်အော်သံထွက်ပေါ်လာပြီး အသံလှိုင်းမှာအနောက်တန်းမှ ရှေ့ဘက်စီလွင့်ပျံ့လို့လာသည်။

"ဝိုး---  ---"

ဦးစွာလူအနည်းစုသာလျှင် စတင်အော်ကာ ပထမတော့အော်သံကကျိုးတိုးကျဲတဲ ၊ ပရိသတ်ဘေးပတ်ပတ်လည်ရှိမီးတို့မှာ ဖြည်းဖြည်းချင်းမှိန်ကျလို့သွားပြီး ရှေ့တန်းမှစလို့ နောက်ဆုံးတန်းထိ မှိန်ကျသွား၏။

စတိတ်စင်ထက်က ဒါဇင်ခန့်ရှိမည့်မီးတို့သာလျှင် လင်းချင်းလို့ကျန်ရစ်လျက် ထောင့်စွန်းတို့မှနေ အလင်းတွေထိုးလာမှုက ဖိတ်ဖိတ်တောက်လင်းလက်လျက်။

"အသက်ပြင်းပြင်းရှူ. ."

ဟယ့်ကျောင်းသည် ထရပ်ရင်းမှ ဆိုလိုက်သည်။

"အားကစားကိုယ်စားလှယ် မင်းတစ်ကိုယ်လုံးတုန်နေတာပဲ ဘာကိုကြောက်နေတာလဲ။"

လော်ဝိန်ချန်မှာ အသက်ပြင်းပြင်းနှစ်ချက်ခန့်ရှူသွင်းပြီး တုန်ယင်နေလေစဲ။

"ငါမရတော့ဘူး ၊ ငါ. . .  . . ."

"ယောက်ျားဖြစ်ပြီး မရဘူးဆိုတဲ့စကားမပြောစမ်းနဲ့။"

"ဒါပေမယ့် ငါ တကယ်ကို. . .  . . ."

လော်ဝိန်ချန်မှာ အဆုံးသတ်စကားကိုပင်မဆိုရသေး ရှဲ့ယွီပြောလာသံအားကြားလိုက်ရသည်။

"ဒါမှမဟုတ် တစ်ခါလောက်ချပြီး စိတ်တည်ငြိမ်အောင်လုပ်မလား?"

ရှဲ့ယွီသည် အင်္ကျီလက်ကိုပြင်ဆင်နေပြီး ခေါင်းပင်မမော့ဘဲ အင်္ကျီလက်အားအပေါ်သို့အနည်းငယ် ပင့်ခေါက်လိုက်၏။

ဒီအစ်ကိုကြီးက စနောက်နေခြင်းမဟုတ်မှန်း လော်ဝိန်ချန်သိသည် ၊ ထိုသူမှာ 'ရန်တစ်ပွဲနွှဲ'ဆိုသည်နှင့် ကိစ္စရပ်တိုင်းအပေါ် ဖြေရှင်းရအလွယ်ကူဆုံးနည်းလမ်းအဖြစ် သတ်မှတ်လို့ထားရာ တစ်ခေါက်နှင့်မရလျှင် နှစ်ခေါက်ချမည့်သဘော။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now