အချပ်ပို(၄) ပ

8.5K 1.4K 337
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE


ည 1 : 35 မိနစ်။

စာဖတ်ခန်းအတွင်း ကီးဘုတ်ရိုက်သံသာလျှင်ကျန်ရစ်ကာ ကွန်ပျူတာဖန်သားပြင်ထက်မှာတော့ စမ်းသပ်လေ့လာထားတဲ့အချက်အလက်တို့ အပြည့်ရှိနေပြီး စခရင်ထက်ကအလင်း၏အကူဖြင့် mouseပေါ်ကလက်ချောင်းတို့အားဝိုးတဝါးမြင်တွေ့နေရသည်။

အပေါ်သို့အနည်းငယ်အကြည့်ထပ်ရွေ့ပါက လက်ပတ်ကြိုးအနီလေးတစ်ဝက်ကို မြင်တွေ့ရမှာဖြစ်ကာ ကျန်တစ်ဝက်ကတော့ အင်္ကျီလက်အတွင်းကွယ်ဝှက်နေလျက်။

ရှဲ့ယွီသည် နောက်ဆုံးတစ်ခေါက်အပေါ်ယံလျှပ်ဖတ်ပြီး အမှားမရှိတော့တာသေချာမှ ထိုဖိုင်အားemailထဲထည့်ကာနှိပ်လို့ပို့လိုက်တော့သည်။

ဒီတက္ကသိုလ်ဒုတိယနှစ်တစ်နှစ်လုံးလုံး ရှဲ့ယွီမှာအလွန်မှအလုပ်များလျက်ရှိသည်။ အလုပ်များသည်နှင့်တစ်ချိန်တည်း ဆေးကျောင်းသားတို့၏ ထိုနေ့ရောညရောအချိန်ပြည့်ဖြင့် 'ရုံးအလုပ်'ပုံစံလိုဖြစ်နေသည်ကိုပင် တဖြည်းဖြည်းအသားကျလို့လာရပါသည်။ စာသင်နှစ်တစ်နှစ်ပြီးဆုံးဖို့နီးလာသည့်အားလျော်စွာ လက်တွေ့စမ်းသပ်မှုကလည်းမကြာခင်ကပင်အဆုံးသတ်လုပ်ပြီးသွားခဲ့လေပြီ။

စာသင်နှစ်တစ်ဝက်ကျော်ကျော်ကို အချိန်ပေးလုပ်ထားရတဲ့projectတစ်ခုဖြစ်တာကြောင့် အချက်အလက်တို့ကများပြားရှုပ်ထွေးလွန်းလှရာ အကုန်စနစ်တကျပြန်ပြင်ဆင်ရတဲ့အတွက် တော်တော်လေးအားစိုက်ထုတ်လိုက်ရသည်။

Emailထဲရှိ ပေးပို့နေစဲဆိုတာကနေ 'အောင်မြင်စွာပေးပို့ပြီးကြောင်း' ​ပေါ်လာပါမှ ရှဲ့ယွီလည်း မျက်ဝန်းတို့ကိုအသာမှေးမှိတ်မိလျက် ခြေကုန်လက်ပန်းကျမှုကလည်းတစ်ကိုယ်လုံးအနှံ့ပျံ့နှံ့ဝင်ရောက်လာသလို သိသာလာပါတော့၏။





ဟယ့်ကျောင်းတစ်ယောက် စောင်ရယ် အဲကွန်းcontrolရယ်ကိုယူကာ တံခါးတွန်းဖွင့်ဝင်လိုက်ချိန်၌ ထိုသို့သောမြင်ကွင်းတစ်ရပ်ကကြိုဆိုနေလေသည် - သူ့ဇနီးလေးမှာ ခြေတံရှည်တို့ကိုကွေးကာ အလုပ်ထိုင်ခုံပေါ်၌ ကွေးကွေးကလေးအိပ်ပျော်နေပါ၏ ၊ အိပ်ရတာအဆင်မပြေနေသည့်တိုင် လှုပ်ဖို့ပင်ပျင်းနေလေဟန်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now