အခန်း(၁၀၈)

8K 1.5K 100
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE


ဒါပေမယ့် လောင်ရှဲ့ကငါ့အပိုင်လေ


ဟယ့်ကျောင်းမှာ ထိုသူတွေအလိုက်ခံနေရတဲ့အတွက် မတတ်နိုင်သည့်အဆုံးမှာတော့ရပ်ကာ အချက်အနည်းငယ်အရိုက်ခံလိုက်ပါသည်။

လှေကားအဝ၌စုအုံနေကြလျက် ၊ လော်ဝိန်ချန်က ဖိနစ်ကျွတ်ကျန်ခဲ့၍ ခြေတစ်ပေါင်ကြိုးခုန်၍ဆင်းလို့ကောက်နေ၏။

ဟယ့်ကျောင်းသည် လက်ရန်းကိုမှီထားရင်း ထိုသူတွေသတိမထားမိချိန်အခွင့်ကောင်းယူ၍ မိမိချစ်သူကောင်လေးထံ ပါးစပ်လှုပ်ရုံလှမ်းပြောမိ၏ - 'ကိုယ့်ကိုကယ်ပါဦး'။

"ဗရုတ်ကျလို့ပြီးကြပြီလား။"

ရှဲ့ယွီသည် ရယ်ရင်းမှနာရီကိုတစ်ချက်လှမ်းကြည့်ကာ ထပ်လို့ပြောလိုက်ပါသည်။

"အတန်းစီမသွားကြတော့ဘူးလား?"

လောင်ထန်က သူတို့အားပစ္စည်းတွေနေရာချထားပြီးရင် အစည်းအဝေးလုပ်ရန်နေ့လည်ကြအတန်းထဲလာခိုင်းထားခြင်း ၊ ဖတ်စာအုပ်အသစ်တွေဝေပေးရင်ပေး မဟုတ်လည်း ဒုတိယနှစ်နောက်ဆုံးစာမေးပွဲအကြောင်းပြောမည့်ဟန်ရှိပေသည်။

ထိုအသံကိုကြားပါမှ လျိုချွိင်ဟောက်တစ်ယောက်လက်လျှော့ကာ လက်ပတ်နာရီကိုတစ်ချက်ငုံ့ကြည့်မိသည်။

"ငါ့လခွမ်း ဒီအချိန်တောင်ရှိသွားပြီလား။"

ဟယ့်ကျောင်းသည် လှေကားပေါ်မှသုံးထစ်နှစ်ထစ်ကျော်ဆင်းလာပြီးနောက် ရှဲ့ယွီလည်ပင်းကိုသိုင်းဖက်ကာ ခပ်တိုးတိုးကပ်လို့ပြောလိုက်ပါသည်။

"မင်းစာနာစိတ်ကလေးများ မရှိဘူးလား. . . . . . ကိုယ်ဒီလောက်အကြာကြီး သူတို့တွေလိုက်ဖမ်းခံနေရတာကို မင်းကရပ်ပြီးပဲပွဲကြည့်နေတယ်ပေါ့။"

ရှဲ့ယွီ သူ့ကိုလှမ်းကြည့်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိစွာဖြင့်ထိုလူ့နားအနားတိုးကပ်သွားလိုက်၏။

"ကျေနပ်လိုက်ပါ ၊ တကယ်တော့ ငါပါမင်းကိုထိုးချင်နေတာ။"

". . . . . ."





ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now