အခန်း(၁၁၁)

8.1K 1.4K 118
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE

မင်း ကျန်းမာ ပျော်ရွှင်နေဖို့သာလျှင်မျှော်လင့်တယ်


ဌာနမှူးကျန်း မိန့်ခွန်းပြောအပြီးမှာတော့ ကျောင်းရှိအုပ်ချုပ်ရေးမှူးများလည်း တစ်ယောက်ပြီးတစ်ယောက်တက်ပြောလာကြသည်။

နေမင်းကြီးကလည်း ပိုလို့ခြစ်ခြစ်တောက်ပူပြင်းလာလျက်။

"ခဏနေကြရင် တစ်ခုခုဝေဦးမယ့်ပုံပဲ. ."

ဟယ့်ကျောင်းက အရပ်ရှည်သဖြင့်လည်း ရပ်နေရာမှရှေ့စီကြည့်တာနှင့် ဌာနမှူးကျန်းဘေးက စက္ကူပုံးကြီးကိုတွေ့နေရရာ ခန့်မှန်းပြောမိ၏။

"ကြည့်ရတာတော့ စာအုပ်တွေနဲ့တူတယ်။"

ကျန်သည့်ကျောင်းများလည်း အရွယ်ရောက်အထိမ်းအမှတ်ပွဲ၌ စာအုပ်များဝေပေးတတ်သည်။ ရိုးရိုးရှင်းရှင်းပင် တစ်ယောက်လျှင်တစ်အုပ်ကျ《တိုင်းပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ》ဆိုသည့်စာအုပ်အားဝေပေးတတ်၏။ သို့တိုင်ထိုစက္ကူပုံးအရွယ်အစားအရတော့ ထိုမျှထူသည့်စာအုပ်များမဆံ့ပါချေ။

လောင်ထန်က ထိန်းသိမ်းကြပ်မတ်မှာကြားရင်း အလုပ်ရှုပ်နေလျက် ၊ ရှဲ့ယွီလည်း အသာလေးအနောက်ဆုတ်နေလိုက်၍ ဟယ့်ကျောင်းဘာပြောလည်းအား သိပ်မကြားမိ။

ဟယ့်ကျောင်းက ကိုယ်ကိုငုံ့ကိုင်းလိုက်၏ ၊ ထပ်သာခေါင်းကိုငုံ့ချမိပါက ရှဲ့ယွီနားရွက်ဖျားကိုပင် ထိတွေ့မိမည်ဖြစ်လျက် အတွေးပေါ်လာကာ လှမ်းခေါ်လိုက်ပါသည်။

"လောင်ရှဲ့။"

ရှဲ့ယွီမှာ နေထိုးခံရ၍အနေရခက်သဖြင့် မျက်ခုံးနားလက်တင်လို့ နေကာထားမိ၏။

"မင်းအရွယ်ရောက်ပြီ ၊ လူကြီးလည်းဖြစ်နေပြီ အရေးကြီးတာတချို့သင်ယူရတော့မယ်။"

ကျောဘက်ရှိအနှီလူ၏ လေသံကတိုးလျကာ စကားပြောလိုက်ချိန်တိုင်း လေငွေ့တို့ကသူ့နားတစ်ဝိုက်လာလို့ရိုက်ခတ်နေသည်။ ထိုစကားမှာဆိုလည်း မကြာခင်ကခွေးရူးပြောသွားနှင့်ဆင်တူနေလေရာ ရှဲ့ယွီမှာ ခဏချင်းတွင်းထိုသူဘာကိုဆိုလိုချင်မှန်း နားမလည်ရှိရရင်း ခဏမျှငြိမ်နေပြီးမှမေးလိုက်မိသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now