အခန်း(၇၇)

9K 1.7K 130
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE

မင်းပေးတဲ့အဖြေ


လောင်ဝူမှာ မေးခွန်းကိုချရေးပြီးနောက် ဘေးဘက်၌ ပုစ္ဆာကခက်သည့်အတွက်ကျောင်းသားတွေ နားလည်လွယ်အောင် ပုံကြမ်းချလို့ဆွွဲပြကာ အကူမျဉ်းတွေကိုပါကြိုလို့ဆွဲထားလိုက်၏။

ရှဲ့ယွီသည် ကျောက်သင်ပုန်းရှိရာနှစ်ချက်မျှလှမ်းကြည့်ပြီးနောက် ဟယ့်ကျောင်းပြောသည့် ဖြေရှင်းနည်းတတိယမြောက်နည်းက ဘယ်လိုအဖြေရှာရသလဲဆိုသည်အား နားလည်လို့သွားသည်။ ထိုနည်းက ရသော်ငြား မလိုအပ်တဲ့အချက်တွေတစ်ပုံကြီးကိုဆွဲထုတ်လို့ အချက်တွေအကုန်လုံးကိုဆက်စပ်ပစ်လိုက်ပြီးပါမှ နောက်ဆုံးအဖြေထွက်လာမည်ပဲဖြစ်သည်။

[XY] : တွက်ရတာရှုပ်တယ်။

[အချောကြီးဟယ့်] : အဆင်ပြေပါတယ် ၊ သုံးမိနစ်နဲ့တင် ဦးနှောက်ကတွက်လို့ပြီးတယ်။

[XY] : တအားကိုထောင်လွှားနေချက်ပဲ။

ဖုန်းစခရင်ထက်က ဂိမ်းဇာတ်ကောင်နှစ်ကောင်ရဲ့တစ်ဝိုက်မှာတော့ သုံးထားသည့်ခပ်မိုက်မိုက်စကေးပါဝါတို့လှည့်ပတ်လျက်ရှိပြီး ရှဲ့ယွီသည်စာရိုက်ပြီးနောက် ခပ်သွက်သွက်ပင် skillများထဲမှ တိုက်ခိုက်သည့်ခလုတ်အားနှိပ်လိုက်ပါသည်။

ဟယ့်ကျောင်းမှာ ထိုတိုက်ခိုက်နေမှုများကြားမှ ချက်ချင်းပဲထိုးဖောက်ထွက်၍ နောက်ဆုံးကBossအကောင်ကြီးစီအရောက်သွားလိုက်၏။

ထိုအကောင်ကြီးမှာ အရေအထူကြီးနှင့်တိုက်ရခက်လှရာ သွေးတွေလျော့အောင် မနည်းဘဲချလိုက်ရသည်။ ထို့နောက်မှာတော့ အကြည့်တို့က ညာဘက်အပေါ်ထောင့်ရှိအဖွဲ့ဝင်ချင်းဆက်သွယ်ရာနေရာမှ စာလုံး(၆)လုံးထွက်ပေါ်လာသည်အား မြင်တွေ့သွားခဲ့သည်။

[XY] : မင်းဘာစိတ်ကူးထားလဲ။

ရှဲ့ယွီသည် 'ဘယ်လောက်ကြာထိ ဟန်ဆောင်နေဦးမှာလဲ' ဟုတိုက်ရိုက်မမေး။

စိတ်ကူး။

ဟယ့်ကျောင်းသည် ထို'စိတ်ကူး'ဆိုသည့်စာလုံးနှစ်လုံးအား စိုက်ကြည့်ရင်း လက်ကရုတ်တရက်လှုပ်ရှားမှုတန့်ကာ အစကနောက်ဆုံးတစ်ချက်အပြီးချပစ်တော့မလို့ပေမယ့် စိတ်လွှတ်လျက်ဖြင့် သွေးဖြည့်သည့်ခလုတ်ကိုသာသွားရောက်နှိပ်မိရသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now