အချပ်ပို(၁)

9.6K 1.5K 219
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE

ဥစ္စာအတွက်အသက်လု


Cမြို့ ၊ ချင်းဟွာတက္ကသိုလ် ဆေးပညာဌာန။

ညသန်းခေါင်ချိန်သို့ပင်နီးကပ်လာပြီဖြစ်၍ အဆောက်အအုံအတွင်း မီးအနည်းငယ်သာလင်းချင်းကျန်ရစ်တော့၏။ နဂိုကဗလာကျင်းနေသည့် ကော်ရစ်တာထက် လျှောက်လှမ်းလာသံတို့ထွက်ပေါ်လာလျက်မှ မိန်းကလေးနှစ်ယောက်စကားပြောဆိုနေကြသည်။

". . . . . . သွားစို့ ၊ အိပ်ချင်လိုက်တာသေတော့မှာပဲ ၊ ပြန်ရောက်ရင်အစီရင်ခံစာကရေးရဦးမယ်။"

"ဟုတ်ပြီ ၊ ဒါဆိုငါအင်္ကျီသွားလဲလိုက်ဦးမယ်။"

ကျန်သည့်တစ်ယောက်မှာ ပြောရင်းတန်းလန်းမှာပဲ တုံ့ဆိုင်းလို့သွား၏။

"ဟဲ့—- —- ဟိုမှာအဲ့ဒါ ငါတို့ဆေးပညာဌာနက ပင်မလေအေးပေးစက်ကြီးမဟုတ်လား?"

ရေခဲရိုက်ထားသလိုမျိုးလေ။

နှစ်ဦးသားပြောရင်းမှ ခြေလှမ်းတို့ကိုတုံ့နှေးလိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့်အတွင်းသို့အမှတ်မဲ့လှမ်းကြည့်မိကြသည်။ လက်တွေ့စမ်းသပ်ခန်းထဲကလူအား အနှောက်အယှက်ပေးမိမည်စိုးသဖြင့် အသံတော့မထွက်ရဲ။


လက်တွေ့ခန်းတစ်ခုလုံး ဖုန်တစ်စက်ဟူ၍မရှိ ၊ စနစ်တကျဖြင့် အလွန်တရာကိုသေသေသပ်သပ်ရှိလို့နေပါသည်။

ထိုသူသည်ကား အရပ်ရှည်ကာ ခြေတံကရှည်ရှည်သွယ်သွယ်ဖြင့် ရုပ်ရည်ကလည်း အလွန်မှကိုထင်ရှားပေါ်လွင်လှရာ ဆေးပညာဌာနတစ်ခုလုံးတွင် နောက်ထပ်ဒုတိယတစ်ယောက်ထပ်ရှာလို့ပင်တွေ့မည်မဟုတ်တော့။ သို့တိုင် ဘာကြောင့်ရယ်မသိ ထိုလူ့အနားမကပ်ရဲရအောင်ရှိ၏ ၊ အထူးသဖြင့် ကိုယ်ထက်ကဂျူတီကုတ်အဖြူပင် ၊ ထိုသူဝတ်ထားချိန်၌ပိုလို့ပင် အကွာဝေးကြီးခြားထားသလိုခံစားရစေ၏။

လက်ဆန့်လို့ ပစ္စည်းလှမ်းယူချိန်၌ ခပ်ကျယ်ကျယ်အင်္ကျီလက်အတွင်းမှနေ လက်ကောက်ဝတ်တစ်ဝက်လောက်ကထွက်ပေါ်လာလျက် ၊ ကောင်လေး၏လက်ချောင်းတို့ကရှည်သွယ်ပြီး လက်ဆစ်တို့ကထင်းခနဲ။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now