အခန်း(၆၀)

10.1K 2K 251
                                    

伪装学渣
Wei Zhuang Xue Zha


ZAWGYI

နမ်းကြမလား


စာမေးပွဲအမှတ်ထွက်လာချိန်တိုင်း၌ ပျော်ကြသူများရှိသလို သောကရောက်ကြသူများလည်းရှိစမြဲပါပင် ၊ သို့တိုင်ဝူကျိန့်တစ်ယောက် ဒီလောက်နှစ်တွေအများကြီး စာသင်လာသည့်ထဲ ဟယ့်ကျောင်းလိုလူမျိုးကိုတော့ ပထမဆုံးမြင်တွေ့ဖူးခြင်းဖြစ်သည်။ သေချာပေါက်ကို ပူပန်သောကရောက်ရစေမည့် အမှတ်ကိုရထားတာပေမယ့် ဆန့်ကျင်ကွဲထွက်ပြီးကို ပျော်ရွှင်သည့်အဖွဲ့ထဲဝင်ရောက်လို့နေပေသည်။

အထင်ကြီးလောက်စရာပါပဲ။ ပါရမီထူးချက်။

အထင်ကြီးလောက်စရာကတော့ ဝူကျိန့်ပင်သည်းမခံနိုင်တော့ဘဲ နောက်ဆုံးတန်းရှိရာစီ မြေဖြူတို့ဖြင့်ပစ်ပေါက်ထည့်ကာ ပစ်ရင်းမှဆိုလိုက်တော့သည်။

"ဟယ့်ကျောင်း မင်းရဲ့ဒီစိတ်ပိုင်းဆိုင်ရာဖွဲ့စည်းထားပုံမျိုးလေ. . .  . . . ငါရှေ့စာသစ်နှစ်သုံးနှစ်ထဲကနေ လက်ချိုးရေတွက်ရှာကြည့်တောင်မှ မင်းထက်သာမယ့်သူကိုလုံးဝရှာတွေ့မှာမဟုတ်ဘူး။"

"ချီးကျူးလွန်းနေပါပြီဗျာ. ."

မြေဖြူက ရှေ့တည့်တည့်သို့ ဝဲပျံလာနေသည်ကိုကြည့်ရင်း ဟယ့်ကျောင်းသည်ပြုံးကာဆိုလိုက်၏။

"သာမန်ထူးချွန်မှုလေးပါပဲ။"

"---  --- ဒီအကောင်ကတော့ ၊ တကယ်ကြီးငါမင်းကိုချီးကျူးတယ်များ ထင်နေတာလား?"

မြေဖြူတစ်တောင့်မှာတော့ နေရာနည်းနည်းလွဲကာ ရှဲ့ယွီ၏စားပွဲထောင့်စွန်းကိုလာရောက်မှန်ပြီး 'ဒေါက်ခနဲ'ပြုတ်ကျကာ မြေပြင်ထက်လှိမ့်လို့သွားသည်။

ရှဲ့ယွီသည် ဘဲကဘယ်လိုဖြေဖြေကို ဒီလောက်အမှတ်ကလေးပဲရတာလား ၊ နောက်ကြတကယ်ကြီးပဲ မြေတူးစက်မောင်းတော့မှာလားဟုတွေးကာ နဂိုကစိတ်ပူနေမိရပေမယ့် ထိုစကားအားကြားရချိန်မှတော့ မအောင့်နိုင်ဘဲ နဖူးပေါ်လက်အုပ်၍ရယ်လိုက်မိတော့သည်။

". . .  . . . သောက်ရူး။"

"ကဲ တော်ပြီ. ."

စနောက်ခြင်းတို့လည်းပြီးသွားခဲ့ပြီ ၊ အားလုံး၏စိတ်အခြေအနေတို့လည်း ခုနကထက်ပိုလို့ကောင်းမွန်လာသည်ဟုခံစားမိချိန်မှာတော့ ဝူကျိန့်သည်လက်ခုပ်တီး၍ အားလုံးကိုတိတ်ကြဖို့ရန် အချက်ပြလိုက်ပြီး အဖြေလွှာတွေစဝေလိုက်၏။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now