伪装学渣
Wei Zhuang Xue ZhaUNICODE
ရှောက်ပါ့နှစ်ယောက်ကြား အပြန်အလှန်မေးခွန်း(၃၀)
(1) တစ်ဖက်လူအပေါ် ပထမဆုံးအမြင်?
ရှဲ့ယွီ : ဒရာမာခင်းလွန်းတယ်။
ဟယ့်ကျောင်း : ရုပ်ချောတယ် ၊ ခါးသွယ်တယ် ၊ လက်ချောင်းလေးတွေကလည်း. . . . . . (အကျဉ်းချုံးစာလုံးရေ၅၀၀)။
(2) တစ်ဖက်လူကိုယ်ထက်က ဘယ်အချက်ကိုအားကျနှစ်သက်လဲ?
ရှဲ့ယွီ : ရှားပါးလွန်းတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်အပြည့်ရှိပုံ။
ဟယ့်ကျောင်း : အဖက်ဖက်ကပြည့်စုံထက်မြက်လွန်းတယ် ၊ အရှားပါးဆုံးကတော့ သူနဲ့ထပ်တူပြည့်စုံထက်မြက်တဲ့ထုံကျောကိုပိုင်ဆိုင်ထားတာပဲ။
(3) ဘယ်အချက်တွေကိုသဘောမကျဘူးလဲ?
ရှဲ့ယွီ : မရှိပါဘူး။
ဟယ့်ကျောင်း : ချစ်လို့တောင်မဝနေတာပါ။
(4) တစ်ဖက်လူနဲ့ ပုံမှန်ချိန်တွေမှာပေါင်းသင်းရတာ အဆင်ပြေတယ်လို့ သင်ထင်ပါသလား?
ရှဲ့ယွီ : မဆိုးပါဘူး။
ဟယ့်ကျောင်း : အရမ်းအဆင်ပြေတယ် ၊ ကျွန်တော့်ထုံကျောလည်း ကျွန်တော့်တို့တွေကဆက်ဆံရေးအလွန်ကောင်းတယ်လို့ သေချာပေါက်ထင်မှာပါပဲ။
(5) တစ်ဖက်လူကို သင်ဘယ်လိုခေါ်လဲ?
ရှဲ့ယွီ : ကော။
ဟယ့်ကျောင်း : ရှောင်ဖုန်းယို (ကလေးလေး)။
(6) သင့်ကို တစ်ဖက်လူဘယ်လိုခေါ်ဖို့မျှော်လင့်လဲ?
ရှဲ့ယွီ : ယွီကော။
ဟယ့်ကျောင်း : ဘယ်လိုခေါ်ခေါ် အဆင်ပြေပါတယ်. . . . . . ယွီကော? မရဘူး။
(7) တစ်ဖက်လူကို အကောင်တစ်ကောင်နဲ့တင်စားရမယ်ဆိုရင် သင့်အမြင်က?
ရှဲ့ယွီ : တောရိုင်းကောင်ကြီးလိုပဲ။
ဟယ့်ကျောင် : ကြောင်ကလေး။
(8) တစ်ဖက်လူကို လက်ဆောင်ပေးရမယ်ဆို သင်ဘာများပေးမလဲ?
ရှဲ့ယွီ : နမူနာမေးခွန်းလွှာ။
YOU ARE READING
ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)
Teen FictionAuthor - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ကျောင်းသားဆိုး အယောင်ဆောင်) / (ကျောင်းသားဆိုး အယောင်ဆောင်) Eng title - Fake Bad Students / Slackers ♦️|Myanmar Translation| Source - jjwxc