အခန်း(၆၅)

10.2K 1.8K 268
                                    

伪装学渣
Wei Zhuang Xue Zha

UNICODE

Z Y


သူတို့တွေရွေးထားကြသည့်နေရာက တိတ်ဆိတ်တယ်ယူဆ၍ရပြီး အနားယူနေရာနှင့်လည်းမဝေးလှ။

လောင်ထန်နှင့် ခွေးရူးတို့မှာ စက်ဘီးကိုယ်စီတွန်းလျက်ဖြတ်လျှောက်ခိုက်နှင့်ကြုံသည်။ နှစ်ဦးသားမှာ စက်ဘီးတစ်ပတ်ပတ်စီးပြီးနောက် မောလို့သွားကြတော့၏ ၊ အထူးသဖြင့်လောင်ထန်သည် လွန်ကဲစွာပင်လည်တိုင်ထက် တဘက်တစ်ထည်ချိတ်တင်လို့ထားသည်မှာ စက်ဘီးလေးပတ်စီးတာနှင့် ချွေးတအားထွက်သည့်အလားပင်။

သူတို့အတန်းကလောင်ထန်မှာ လမ်းဘေး၌ရပ်ကာ ပြုံးရယ်လျက် သူတို့ရှိရာလှမ်းကြည့်လို့လာသည်။

"အကုန်လုံးပဲထမင်းစားပြီးကြပြီလား?"

အခန်း(3)ကကျောင်းသားများမှာ ကိုယ်ကိုမတ်မတ်ထိုင်၍ ပြိုင်တူပင်ဖြေလိုက်ကြလေသည်။

"စားပြီးပါပြီ။"

လောင်ထန်မှာဆို ဘာဆက်ပြောချင်နေသေးသည်မသိ ခွေးရူးကဆွဲကာခေါ်သွားပါလေတော့သည်။

"တော်တော့ သူတို့ပြုံးဖြီးပြနေတာကိုပဲမကြည့်နဲ့. . . . . . အဲ့အဆိုးအပေလေးတွေက ငါတို့ကိုမြန်မြန်လစ်စေချင်နေကြတာရယ်။"





ရှဲ့ယွီသည်ကား ကံအလွန်ကောင်းသူဖြစ်ရာ ပွဲအနည်းငယ်ဆော့ပြီးချိန်တွင်လည်း တစ်ယောက်တည်းကွက်အေးဆေးလို့နေသည်။ ဘာအပြစ်မှလည်း ပေးခြင်းမခံရရုံသာမက နှိုက်တော့လည်း King cardနှစ်ကြိမ်တောင်ပေါက်လေသည်။

ရွှီချင်ချင်မှာ အရင်ညပိုင်းself-studyအချိန်တုန်းက ဖဲချကြတာနှင့် အဲ့အချိန်ကခွက်ခွက်လန်ရှုံးခဲ့သည်ကိုပါသတိရလို့လာရ၏။ ဖဲချတာမှာ ကံကောင်းတာကိုနားလည်ပေးလို့ရပေမယ့် ဒီboard-gameတွေမှာပါ ဒီလိုဖြစ်အောင်အထိဆော့နိုင်တယ်ပေါ့? !

ဂိမ်းအတွေ့အကြုံကတော့ ဆိုးရွားချက်ပဲ!

တစ်ပွဲအပြီး၌ ရွှီချင်ချင်သည်ကတ်တွေကိုပြန်စီကာ အသစ်တဖန်ပြန်နှိုက်ကြဖို့လုပ်သည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now