အခန်း(၆၃)

9.8K 1.9K 115
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE

အတွေ့အထိ အကြည့်တစ်ချက်


ရှဲ့ယွီသည် ပြန်ရေးလိုက်သည့်အဖွဲ့စာရင်းအားကမ်းလို့ပေးလိုက်ပါသည်။

အဖြူစာရွက်ထက် အနက်ရောင်စာလုံးတို့နှင့် လက်ရေးလက်သားကပြတ်သားရှင်းလင်းကာ နာမည်(၆)ကြောင်းအားစာရွက်ထက်ရေးချထားပုံက လှပလွန်းပေသည်။

ရှဲ့ယွီတစ်ယောက် အိမ်စာထပ်လေတိုင်း၌အမှားတွေများပြီး သင်္ချာပုစ္ဆာများကိုဆိုလည်း များသောအားဖြင့်မေးခွန်းတွေပဲပြန်ကူးကာ အဖြေနေရာတွင်ကဗလာချည်းဖြစ်နေတတ်သည်။ သို့တိုင်စာစစ်သည့်ဆရာတိုင်း စိတ်မရှည်လက်မရှည်မဖြစ်ကြဘဲ ထိုလက်ရေးစာလုံးများကြောင့် ဒေါသတစ်ဝက်လောက်တော့ လျှော့သွားကြသည်သာ။

ရုံးခန်းထဲတွင် ဆရာတစ်ယောက်ယောက်က ဒီစာလုံးတွေက အလဟဿအချိန်ဖြုန်းရာရောက်ပါတယ်ဟုညည်းညူလာလေတိုင်း တစ်ယောက်ယောက်ရဲ့ဖျောင်းဖျသံကထွက်လာမြဲဖြစ်သည်။

"အနည်းဆုံးတော့ ဟယ့်ကျောင်းထက်သာတယ်လေ ၊ သူ့အိမ်စာကိုစစ်ရရင်တော့ဒေါသကထွက်ရပြီ ၊ အကုန်ဘာတွေမှန်းမသိနဲ့. . . . . ."

တိုးဂိုက်မှာဆို ရှဲ့ယွီအား ကယ်တင်ရှင်ကိုတွေ့လိုက်ရသလိုကြည့်လို့လာရှာသည်။

ရှေ့မှောက်ရှိ ကောင်ကလေးကိုကြည့်ရသည်မှာ အဖက်မလုပ်ခပ်တန်းတန်းပုံစံရှိ၏ ၊ သူ၏ရုပ်ရည်သွင်ပြင်နှင့်ယှဉ်လျှင် ထိုအေးတိအေးစက်အရောင်အဝါတို့ကပိုပြီး ဖုံးဖိထားမရအောင်ထိထင်ပေါ်လျက်ရှိချေသည်။

ဘာကြောင့်မှန်းမူမသိ ထိုကျောင်းသားက စားပွဲစွန်းထက်လက်ချောင်းကိုထောက်လျက် စာရွက်ကိုကမ်းပေးလာပြီးနောက် သူ့ထံမျက်ဝန်းပင့်ကြည့်လာဟန်က သူ့အတွက်တော့အသက်အန္တရာယ်နှင့်ကြုံတွေ့လိုက်ရသလို ခံစားလိုက်ရစေ၏။

တိုးဂိုက်သည် စာရွက်အားလှမ်းယူလိုက်ပါသည်။

". . . . . . ကျေး ၊ ကျေးဇူးပါ။"

ရှဲ့ယွီ : "ရတယ်။"

ဟယ့်ကျောင်းကတော့ သူ့ကိုယ်သူကောင်းလှချည်သာထင်မိလေသည် ၊ သူဒီတစ်ခေါက်က သေချာကိုရေးထားတာပင် ၊ လူနားမလည်လောက်တဲ့အထိတော့ မရောက်ဟုသာထင်လျက် စင်မြင့်ဘေးတွင်ရပ်ရင်း စကားနည်းနည်းပါးပါးဆိုရန်နှုတ်ဟမည်ပြင်ခိုက်မှာပင် ရှဲ့ယွီထံမှတစ်ချက်လှမ်းအကန်ခံလိုက်ရသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now