အခန်း(၉၀)

8.5K 1.7K 162
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE

ချင်းဟွာတက္ကသိုလ်ကြိုက်လား ပေကျင်းတက္ကသိုလ်ကြိုက်လား?


ရှဲ့ယွီခေါင်းထဲ 'ဝုန်းခနဲ'မြည်လို့သွားခဲ့သည်မှာ ရုတ်တရက်တစ်စုံတစ်ရာပေါက်ကွဲထွက်သွားသလိုပင်။

ဆက်လက်ပြီး တစ်ကိုယ်လုံးကသွေးတွေလည်းတဖြည်းဖြည်းအေးခဲလာသလိုရှိရ၏။

သူသည်ဖုန်းအား password ခံလို့ထားသည် ၊ ကျိုးသာ့လေပို့လို့ထားသည့် မက်ဆေ့ချ်တစ်ပုံတစ်ပင်မှာဆို lock screen တစ်ခုလုံးအပြည့်နေရာယူလို့ထား၏။ အပြည့်အစုံပေါ်နေခြင်းမဟုတ်သော်ငြား မက်ဆေ့ချ်အကုန်အားဟိုဒီဆက်စပ်လို့ကြည့်လိုက်ပါက အကြမ်းဖျင်းတော့အဓိပ္ပာယ်ဖော်နိုင်လေသည်။

. . . . . .

"သာ့လေ သူ. ."

ရှဲ့ယွီသည် လက်ချောင်းတို့ကိုကွေး၍ လက်သီးဆုပ်ပစ်လိုက်ပြီး မသိစိတ်မှနေဆက်လက်ဖုံးကွယ်ထားဖို့ စိတ်ကူးမိရသည်။

"သူစနောက်နေတာရယ် ဘာမှမဟုတ်ဘူး။"

ကုရွှယ်လန်မှာ တစ်ညလုံးမအိပ်ပါဘဲ ညသန်းခေါင်ကနေ ယခုနေ့လည်အထိတစ်လျှောက်လုံးထိုင်နေမိသည်။ အချိန်တွေဘယ်လောက်ကုန်လို့ကုန်သွားမှန်း သူမသိ ၊ ရှည်ကြာတယ်ထင်ရပေမယ့် အဲ့လောက်လည်းမကြာဘဲရှိရင်း အပြင်ဘက်ကတဖြည်းဖြည်းနဲ့မိုးလင်းလာသည်ကိုသာ ကြည့်နေမိလေသည်။

ရှဲ့ယွီသည် ပြောပြီးနောက် ခေါင်းမာမာဖြင့် 'အများကြီးလျှောက်မတွေးနဲ့' ဟုထပ်ဖြည့်ပြောမည်ပြုခိုက်မှာပဲ ကုရွှယ်လန်ရဲ့ထပ်မေးလာသံအား ကြားလိုက်ရသည်။

"အဲ့ဒါဘယ်လိုဖြစ်ရတာလဲ။"

သူ(မ)စကားဆိုချိန်၌ လည်ချောင်းကခြောက်ခြောက်ကပ်ကပ်ရှိကာ လေသံကပထမဆုံးအကြိမ်မေးတုန်းကနှင့်မတူတော့ ၊ စိတ်ခံစားချက်တွေပြင်းထန်ပေါက်ထွက်လာပြီးနောက်မှာတော့ သဘာမကျစွာပင်တည်ငြိမ်လို့သွားကာ စကားတစ်ခွန်းမှာနှုတ်ဝတွင်တစ်နေပြီး စက္ကန့်အနည်းငယ်ကြာမှထွက်ပြူလို့လာသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now