အခန်း(၇၃)

8.5K 1.8K 426
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE

ဘုရင်နှင့်ဘုရင် ဆုံကြခြင်း


Century Cityမှာရှေ့တွင်ဆိုရောက်ပြီဖြစ်ပြီး မဝေးတော့။ အဆောက်အအုံကြီး၏ထိပ်ရှိဝဲပျံနေဟန်ရွှေရောင်အတောင်ပံကားကားနဲ့logoမှာဆို နေရောင်ခြည်ကြောင့်ရောင်ပြန်ဟပ်ကာလင်းလဲ့နေ၏။

ဘတ်စကားက လမ်းကြားထဲသို့ကွေ့ဝင်လာခဲ့သည်။

မြို့လယ်ကောင်ပေမို့ လူတွေပြည့်ကျပ်မတတ်များပြားလှကာ ခြေကျင်လမ်းသွားလမ်းလာများကလည်း လမ်းဖြတ်ကူးသူကူးနေကြခြင်းကြောင့် ဘတ်စ်မှာအရှိန်ကိုလျှော့လိုက်ရ၏။ မိနစ်အနည်းငယ်ကြာအပြီးတွင်တော့ မီးပွိုင့်မှာနှစ်ကြိမ်ပင်ပြောင်းသွားခဲ့ပြီးဖြစ်ပေမယ့် ရွှေရောင်အတောင်ကားကားကတော့ဖြင့် လမ်း၏အစွန်ဆုံးတွင်ရှိနေစမြဲ။

ရှဲ့ယွီသည် ထိုမက်ဆေ့ချ်ကိုကြည့်ပြီး စိတ်တိုတိုဖြင့်သာရယ်ချမိသည်။

ဒါကသောက်ရှက်မရှိတာကိုမဟုတ်တော့ဘူး ၊ အရေထူချက်ကတော့ ကျည်တောင်ဖောက်မဝင်နိုင်လောက်အောင်ကိုထူတာဗျာ။

". . . . . ."

ကားထဲကထိုင်နေရာများကကျဉ်းကျုတ်လှရာ ရှဲ့ယွီသည် သက်သောင့်သက်သာမရှိသဖြင့်ကိုယ်ကိုနည်းနည်းရွေ့မိ၏။ ရှေ့ခုံအောက်မှထွက်ပြူနေသည့် အရာထက်ခြေထောက်ကိုတင်ထားရင်း သည်းမခံနိုင်စွာခပ်တိုးတိုးဆဲရေးလိုက်သည်။

"သောက်ရူး။"

ကားကခပ်ဖြည်းဖြည်းသာရွေ့လျက်ရှိသည်။

အပြင်ဘက်စီက ကားဟွန်းသံများမှာမူ အနည်းငယ်ဆူညံလှ၏။

ရှဲ့ယွီသည် လက်ကိုမြှောက်၍ maskအနားစအားအသာဆွဲချလို့ အသက်ဝဝတစ်ချက်ရှူသွင်းလိုက်သည်။

မိနစ်အနည်းငယ်ကုန်လွန်ပြီးသွားချိန်မှာတော့ ဘတ်စကားကြီးမှာမူလအရှိန်နှုန်းသို့ပြန်လည်ပြောင်းလဲသွားပြီး ရွှေရောင်တောင်ပံရှိရာနှင့်နီးသထက်နီးကာ ဂိတ်ဆိုက်မည့်ကြေညာသံကလည်း ကားအတွင်းထွက်ပေါ်လာသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now