Arc-3.5 လီယို / လီယို

1.9K 190 10
                                    

Unicode##

အခုထိငိုရှိူက်လို့ကောင်းနေတဲ့ကလေးငယ်ကအိမ်တော်ထဲရောက်နေတာတောင်ဇက်ခ်လည်တိုင်ကိုတင်းတင်းဖက်ကာအိပ်ပျော်သွားလေသည်။ ဒါကိုဇက်ခ်ကလုံးဝဆိုဖာပေါ်ကိုမတင်ပေးဘဲနဲ့ပွေ့ချီထားတုန်းပင်။ လီယိုကလည်းရင်ခွင်တွင်းသို့တိုးဝင်ကာမျက်နှာကိုအပ်၍အေးချမ်းစွာအိပ်စက်နေလေသည်။

မအေးချမ်းတာကတော့ရိုနင်နဲ့ဟေးပင်...။ ဘေးနားမှာထိုင်နေတဲ့ရိုနင်နဲ့ဟေးတို့မှာတော့ သူတို့နှစ်ယောက်ကိုပလစ်ထားတဲ့ခေါင်းဆောင်နဲ့လီယိုကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းစိတ်လေနေသည်။

အဆိုးဆုံးကတော့ရိုနင်ပင်...။ သူ့ရဲ့လီကိုပွေ့ဖက်ထားတဲ့သူကခေါင်းဆောင်သာမဟုတ်ရင်သူဆွဲထိုးပြီးတာကြာပြီ...။ ပြီးတော့ခေါင်းဆောင်ကဖက်ထားတာမဟုတ်ဘဲသူ့ရဲ့လီကဖက်ထားတာဖြစ်နေလို့သာပေါ့...။

ရိုနင်..သူ့ရဲ့တင်းတင်းဆုပ်ထားတဲ့လက်သီးစုပ်ပေါ်ကနေနူးနူးညံ့ညံ့လေးလာထိတွေ့တဲ့အထိအတွေ့ကြောင့်ယောင်ယမ်းပြီးလှည့်ကြည့်လိုက်တော့ ဟေးလေးဖြစ်နေသည်။

တော်သေးတယ်...သူ့ရဲ့ဟေးလေးကိုဂရုမစိုက်မိသလိုဖြစ်တော့မလို့ အသိမြန်မြန်ဝင်လိုက်လို့တော်ပါသေးရဲ့...။

"အဟမ်း..."

ခေါင်းဆောင်ရဲ့ချောင်းဟန့်သံကိုကြားမှဟေးကိုကြည့်နေရာမှခေါင်းဆောင်ကိုကြည့်လိုက်တော့ခေါင်းဆောင်ရဲ့ရင်ခွင်တွင်းမှလီကနိုးနေတာကိုတွေ့လိုက်ရသည်။

"ရိုနင်...ဒါငါငယ်ငယ်ထဲကပြောဖူးတဲ့ငါ့ရဲ့လူကြီးဆိုတာဘဲ"

"ဘာ" " ဟမ်"

လီယိုရှေ့ကလူသားနှစ်ယောက်ကလီယိုပြောတဲ့စကားကိုကြားလိုက်တာနဲ့သရဲတစ္ဆေကိုမြင်လိုက်ရသလို မကြားသင့်တဲ့စကားကိုကြားလိုက်ရသလိုမျိုးနဲ့ထအော်တာကြောင့်ခန္ဓာကိုယ်လေးတုန်တက်သွားကာလူကြီးရဲ့ရင်ခွင်ထဲအော်တိုပြန်ဝင်သွားသည်။

"ဖြေးဖြေးအော်ပါဟ...ဘာလို့နှစ်ယာက်သားအဲလောက်ထိအကျယ်ကြီးအော်ရတာလဲ...လန့်သွားတာဘဲ..."

Special System (or) Special ChanceWhere stories live. Discover now