Arc-2.8 မိုယုလျန် / မိုယုလ်န္

3.4K 398 20
                                    

Unicode##

မနက်ခင်းနေရောင်သည်ပြူတင်းတံခါးတွင်ရှိသောလိုက်ကာစကိုဖြတ်ကာ အခန်းတွင်းရှိလူသားနှစ်ဦးပေါ်သို့ဖြန့်ကျက်လာခဲ့သည်။
ထိုလူသားနှစ်ဦးအနက်ကိုယ်ခန္ဓာပိုမိုထွားကြိုင်းသောသူက ထိုသူ့ရင်ခွင်ထဲရှိလူသားငယ်ကိုအဖိုးတန်သောရတနာကဲ့သို့ထွေးပွေ့ထားကာအိပ်စက်နေလေသည်။ ထိုသူတို့ကားမိုယုလျန်နှင့်နျဥ်ရွဲ့ယန်တို့ပင်။

ယုလျန်၏မျက်နှာချောချောပေါ်သို့နေရောင်ကျရောက်လာသဖြင့် ထူထဲလှပသောမျက်ခုံးတန်းလေးကတွန့်ချိုးလာကာ အိပ်စက်နေရာမှနိုးထလာခဲ့သည်။ နိုးလာသော်လည်းလှုပ်၍မရသောကြောင့် မျက်ခွံတို့ကိုဖွင့်ကြည့်ရာမိမိသည်ရွဲ့ယန်၏ရင်ခွင်အတွင်းဝယ် တင်းကြပ်စွာထွေးပွေ့ဖက်ထားခြင်းခံနေရသည်ကိုတွေ့ရသည်။

ထို့ကြောင့်ဦးနှောက်ကိုအလုပ်ပေးလိုက်ရာ
ညကဖြစ်ပျက်ခဲ့သောအကြောင်းအရာများအားလုံး
ခေါင်းထဲသို့အစီအစဥ်တကျပြန်ပေါ်လာခဲ့သည်။

~~~Flash back~~~

"ကိုယ်တော်ကကလေးရဲ့နားမှာဘဲနေချင်တာ..ကိုယ်တော့်ကိုတကယ်ပြန်လွှတ်နေတာလားဟင်"

ရုတ်တရက်မျက်နှာလေးညှိုးကျကာပြောလာတဲ့သူ့ရဲ့ချစ်သူကြောင့် ယုလျန်စိတ်ထဲအံ့အားသင့်သွားကာဘာမှမတွေးနိုင်ဖြစ်သွားတော့သည်။

"ဟို..ဟိုလေ..မပြန်ချင်သေးရင်ကျွန်တော်အခန်းလိုက်ခဲ့ပါလား..လူကြီးလည်းကျွန်တော့်အခန်းရောက်ဖူးတယ်ရှိတာပေါ့"

"အွင်း..အဲဒါဆိုကိုယ်တော်ကလေးရဲ့အခန်းကိုလိုက်ခဲ့မယ်နော်..ကိုယ်တော်နန်းတော်နဲ့ကလေးရဲ့အိမ်တော်ကဝေးတော့ကိုယ်တော်မပြန်နိုင်တော့ဘူး"

"အွင်း..အွင်း..လိုက်ခဲ့လေ..လာကျွန်တော့်နောက်လိုက်ခဲ့.."

အရှေ့ကနေဦးဆောင်၍မိမိလက်ကိုဆွဲသွားသောကလေးငယ်ကိုကြည့်ကာ ဒီညတော့ကလေးငယ်ကိုအပိုင်သိမ်းရန်ကြံစည်လိုက်သည်။
ကလေးငယ်ကသိပ်ကိုဖြူစင်လွန်းသည်။ သူပြောသမျှကိုဘာသံသယမှမဝင်ဘဲ
သူ့ကိုယုံကြည်ကာအခန်းထဲကိုခေါ်သွားသည်။ သူ့နေရာမှာတခြားမယုံရတဲ့သူသာဆိုဘယ်လိုများလုပ်မည်နည်း။

Special System (or) Special ChanceWhere stories live. Discover now