Between Life - 2

3.7K 358 17
                                    

Unicode###

(အား..ကျွတ်ကျွတ်...နာလိုက်တာ...)

(Host..! သတိရပြီလားဟင်...)

(ယောလေး..? ငါဘာဖြစ်တာလဲ...)

(Hostဒုတိယကမ္ဘာမှာကလေးမွေးပြီးဝိဉာဥ်နာကျင်လာတာကြောင့်ရေကမ္ဘာစက်ဝန်းဆွဲသွင်းခံလိုက်ရတာပါ...)

(အဲဒါဆို..ငါ့ကလေးလေး...ငါကလေးလေးကောဟင်...)

(ဟင်းးး..Hostရဲ့ချစ်သူကစောင့်ရှောက်နေပါတယ်...)

(ငါ..ငါပြန်ကြည့်ချင်တယ်...ယောလေး..)

(ကျွန်တော်အဆင်သင့်ပြင်ပေးထားပါတယ်...ဒီရေပြာအိုင်ကိုလာခဲ့ပါ...)

.....................................................

မိုယုလျန်သားတော်လေးကိုဖွားမြင်ပြီးကံကုန်သွားပြီးနောက်
နျဥ်ရွဲ့ယန်သည်သားတော်လေးကိုယုလျန်ပေးထားတဲ့နာမည်လေးအတိုင်းနျဥ်ပိုင်လော့ဟုခေါ်တွင်စေခဲ့ကာသားတော်လေးကိုအရည်အချင်းပြည့်ဝသောမင်းသားတစ်ပါးဖြစ်အောင်ပြုစုပျိုးထောင်ပေးခဲ့သည်။

မိဖုရားနေရာလစ်လပ်သွားတာကြောင့်အမတ်များကနောက်ထပ်မိဖုရားမြှောက်ခိုင်းသော်လည်းနျဥ်ရွဲ့ယန်ကလုံးဝနောက်ထပ်မိဖုရားတင်မြှောက်ခြင်းမရှိခဲ့။
ထပ်ပြောတဲ့သူကိုအသေသတ်စေခဲ့တာကြောင့်နောက်ပိုင်းမည်သူမျှမိဖုရားမြှောက်ရန်အတွက်ပြောကြားခြင်းမရှိတော့ပေ။

သားတော်လေးသည်လည်းအမေမရှိဘဲကြီးပြင်းလာသည်ဆိုသော်ငြား ဦးရီးတော်များ၏ဆုံးမမှုများအောက်တွင်နာခံသလို
အစ်ကိုတော်များနှင့်လည်းသင့်မြတ်အောင်နေသောကြောင့်
နန်းတွင်းတစ်ခုလုံးကကောတိုင်းသူပြည်သားများကပါ
ချစ်ခင်မြတ်နိုးကြသည်။

မိုယွဲ့လျန်နှင့်ရှန်းကနန်းတွင်းစစ်ဘက်အုပ်ချုပ်မှုအပိုင်းကိုထိန်းပေးထားကာ
ပိုင်မော့ယွီနှင့်ချီဟွားတို့ကတိုင်းပြည်အတွင်းအုပ်ချုပ်ရေးဘက်ကိုထိန်းပေးထားတာကြောင့်
တိုင်းပြည်အတွင်းကောနန်းတော်ပါမကျန်နန်းတွင်းစစ်တပ်မှာပါတော်ဝင်သွေးများကိုမလေးမစားမလုပ်ရဲကြ။

မိုယွဲ့လျန်နှင့်ရှန်းတို့သားတော်လေးမိုလျန်ရှန်းနှင့်
ပိုင်မော့ယွီနှင့်ချီဟွားတို့ရဲ့သားအကြီးပိုင်ယွီဟောက်တို့က
မင်းသားမင်းသမီးအားလုံးအပေါ်အစ်ကိုကြီးများကဲ့သို့
စောင့်ရှောက်ပေးတာကြောင့်မင်းသားများကြားရန်လိုမှုမရှိကြဘဲ
ချစ်ခင်စွာကြီးပြင်းလာကြသည်။

Special System (or) Special ChanceWhere stories live. Discover now