Arc-3.1 လီယို / လီယို

3.3K 324 15
                                    

Unicode##

တခေတ်မျက်လုံးများကိုမဖွင့်ခင်ထဲကမွှေးပျံ့တဲ့ရနံ့တစ်ခုကိုအရင်ရလိုက်သည်။
ဒါကြောင့်အရင်ဆုံးမျက်လုံးများကိုဖွင့်ကာလေ့လာကြည့်လိုက်တော့
မကျဥ်းမကျယ်လွန်းတဲ့အပြင်သပ်ရပ်သန့်ရှင်းကာနေချင်စဖွယ်လေးရှိသောတိုက်ခန်းငယ်လေး
မိမိအိပ်နေတဲ့နေရာကလည်းဧည့်ခန်းအတွင်းရှိဆိုဖာငယ်တစ်ခုအပေါ်တွင်...။

တခေတ်အရှေ့ကစားပွဲခုံအပုလေးအပေါ်တွင်လည်း
Laptopတစ်လုံးရှိနေပြီးစာရွက်စာတမ်းများကလည်းရှုပ်ပွနေကာ
အလုပ်လုပ်နေရင်းအိပ်ပျော်သွားဟန်တူသည်။
ခုနကရတဲ့ရနံ့လာရာကိုကြည့်လိုက်တော့
ဧည့်ခန်းနဲ့မျက်နှာချင်းဆိုင်မီးဖိုချောင်သေးသေးလေးတွင်
တကုတ်ကုတ်နဲ့အလုပ်ရှုပ်နေသူတစ်ယောက်ကိုတွေ့လိုက်ရသည်။

ထိုသူကမည်သူလည်းဆိုတာကိုမသိပေမဲ့
ဒီခန္ဓာကိုယ်ရဲ့ချစ်သူမဟုတ်ပါစေနဲ့ဘဲဆုတောင်းရမှာဘဲ...။
မဟုတ်ရင်သူ့ချစ်သူပေါ်လာတဲ့အခါကျမှ
ဟိုဟာမနိုင်ဒီဟာမနိုင်ဖြစ်ကုန်မှဖြင့်ရယ်...။

(မှတ်ဉာဏ်များပို့ဆောင်ပေးပါတော့မည်...)

"အာ့..."

"ဟာ..လီယိုနိုးနေပြီလား..ငါဒီမှာချက်လို့မပြီးသေးဘူး..ခဏစောင့်ဦး.."

သူ့ဘာသာပြောပြီးပြန်လှည့်သွားတဲ့ထိုလူကိုပြန်မပြောနိုင်သေးဘဲ
နားထင်ကိုအသာဖိကာယောလေးပို့ထားတဲ့မှတ်ဉာဏ်များကိုစစ်ဆေးနေလိုက်သည်။

ဒီကမ္ဘာကအနည်းငယ်ရှုပ်ထွေးပွေလီသည်။
ဒီကမ္ဘာရဲ့ဇာတ်လိုက်ကLightအဖွဲ့ရဲ့စုံထောက်ခေါင်းဆောင်တစ်ယောက်
အရည်အချင်းရှိပြီးထက်မြက်လွန်းလို့ဘယ်ရဲဋ္ဌာနကမဆိုလိုချင်လွန်းကြပေမဲ့သူမှန်ရင်ကန့်လန့်တိုက်ဖို့ဝန်မလေးလို့အားလုံးကကြောက်ရတဲ့...ဇက်ခ်..။
ဇာတ်လိုက်မကတော့တစ်ခြားဋ္ဌာနတစ်ခုကနေပြောင်းလာခဲ့တဲ့
ထက်မြက်လွန်းတဲ့စုံထောက်သတင်းထောက်မလေး...လူစီယာ..။

ဇက်ခ်ဟာသူ့ရဲ့မိဘတွေတောင်းထားတဲ့ကတိတစ်ခုဖြစ်တဲ့
သူ့ရဲ့မွေးစားအစ်ကိုဒေးဗစ်ထ်ရဲ့မိဘအရင်းလုပ်ကြံခံရတဲ့ကိစ္စကို
စုံစမ်းခဲ့ရာမှအားကိုးရဆုံးအဖွဲ့သားနှစ်ယောက်ကိုဆုံးရှုံးခဲ့ရသည်။
ဒေးဗစ်ထ်ရဲ့မိဘအရင်းလုပ်ကြံမှုဟာနော့ဂ်ဂိုဏ်းနဲ့ပတ်သက်မှုရှိတယ်ဆိုပြီးသက်သေရလာတဲ့အချိန်တွင်
ချစ်ရတဲ့တစ်ဦးတည်းသောညီမငယ်လေးဆုရီနဲ့
မွေးစားအစ်ကိုဒေးဗစ်ထ်တို့လုပ်ကြံခံရတာကြောင့်
နော့ဂ်ဂိုဏ်းကိုအမြစ်ဖြတ်ချေမှုန်းပြီး
ဂိုဏ်းခေါင်းဆောင်မိုင်းခ်ကိုအသေဖမ်းကာကလဲ့စားချေခဲ့သည်။
အားလုံးပြီးဆုံးသွားတဲ့အခါမှာဇာတ်လိုက်ရဲ့ဘေးနား
ဘယ်သူမှမရှိတော့တဲ့အတွက်စိတ်ဓာတ်ကျနေတဲ့အချိန်
ဇာတ်လိုက်မကကိုယ်ဖိရင်ဖိနှစ်သိမ့်ပေးတာကြောင့်
အနေနီးပြီးစိတ်ယိုင်သွားကာနောက်ဆုံးလက်ထပ်၍
ပျော်ရွှင်စွာနေထိုင်သွားခဲ့ကြသည်။

Special System (or) Special ChanceWhere stories live. Discover now